Connect with us

Hi, what are you looking for?

သတင်း

ဆင်​ပေါင်ဝဲမြို့နယ်မှာ ကင်းလှည့်နေတဲ့စစ်အုပ်စုတိုက်ခိုက်ခံရ

မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်​ပေါင်ဝဲမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရတယ်လို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်ပါတယ်။

Screenshot

ဇန်နဝါရီ-၃၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်​ပေါင်ဝဲမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရတယ်လို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဆင်ပေါင်ဝဲမြို့နယ် လဲဇင်ကျေးရွာအနီးမှာ စစ်တပ်နဲ့ ပျူစောထီးတွေ ကင်းပတ်လာချိန် ဇန်နဝါရီ ၁ရက် နေ့လယ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မောင်းပြန် သေနက် နှစ်လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လဲဇင်မှာ နဂိုကတည်းက ရဲစခန်းတစ်ခု အခြေ စိုက်ထားတယ်။အခုနောက်ပိုင်း စကစ တပ်သားတချို့လည်း အထိုင်ချထားတယ်။အင်အားတော့ ၅၀ ပတ်ချာလည်လောက်ရှိတယ်”လို့ အသက် (၃၀)အရွယ် ဆင်ပေါင်ဝဲမြို့ခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့တစ်လကျော်ကလည်းဆင်ပေါင်ဝဲမြို့နယ်ကအမှတ်(၈)ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ-၈)ရဲ့ ဗိုလ်ကြီးစိုးကိုကိုမောင်အပါအဝင်စစ်ကောင်စီတပ်သားသုံးဦးကို သရက်ခရိုင် အမှတ် (၅)တပ်ရင်းက ပစ်ခတ်ခဲ့တာရှိပါတယ်။

အဲဒီ့တိုက်ပွဲမှာ လက်နက်နဲ့ကျည်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

လက်ရှိ သရက်ခရိုင် သရက်မြို့နယ်က (ကပစ-၁၂)ရဲ့ စည်းရိုးဖြစ်တဲ့ ဆင်ကော်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေပါတယ်။

တော်လှန်ရေးတပ်တွေဟာ မကွေးတိုင်းထဲက မင်းဘူးခရိုင်နဲ့ ပခုက္ကူခရိုင်က မြို့တွေကို ထိုးစစ်ဆင်နေတာနဲ့ စစ်ကောင်စီရဲ့ မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက် တိုက်ခိုက်နေပါတယ်။

ရုပ်သံ – သရက်ခရိုင် အမှတ်(၅)တပ်ရင်း

ဆက်စပ်သတင်းများ

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအထိ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား နှစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက လူထုနွေးဦးသို့ ပြောသည်။