Connect with us

Hi, what are you looking for?

News

ကုလဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနဲ့ စစ်ကောင်စီခေါင်းဆောင်တွေ့ဆုံ ၊ ကိုဗစ်ကိစ္စဆွေးနွေးတယ်လို့သာ ထုတ်ပြန်

ခရီးစဉ်မတိုင်ခင် ဘီလ်ရစ်ချက်ဆန် ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်ဟာ ကိုဗစ်အတွက် ကူညီဖို့အဓိကထားမယ့်ခရီးစဉ်လို့ဆိုထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်ဟာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီခေါင်းဆောင်နဲ့နေပြည်တော်မှာ တွေ့ဆုံလိုက်တယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်သတင်းထုတ်ပြန်ချက်မှာတော့ ကိုဗစ်ထိန်းချုပ်ရေးအခြေအနေ နဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ခရီးစဉ်မတိုင်ခင် ဘီလ်ရစ်ချက်ဆန် ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်ဟာ ကိုဗစ်အတွက် ကူညီဖို့အဓိကထားမယ့်ခရီးစဉ်လို့ဆိုထားပါတယ်။

ဘီလ်ရစ်ချက်ဆန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိတ်ဆွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျနေတုန်းက လွတ်မြောက်ရေးအတွက် တောင်းဆိုတာ ၊ စစ်အစိုးရ ကို အရေးယူဖို့ကိစ္စတွေမှာ ဘီလ်ရစ်ချက်ဆန်ဟာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အာဏာရလာပြီး ရခိုင်အရေးအတွက် ၂၀၁၇ မှာ ဖွဲ့စည်းတဲ့ ရခိုင်အရေးအကြံပေးအဖွဲ့မှာ ဘီလ်ရစ်ချက်ဆန်ကို ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ အစည်းအဝေးမှာ ရိုက်တာ သတင်းထောက် ၂ ဦးလွတ်မြောက်ရေးနဲ့ ရခိုင်အရေး ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်မပြေကာ အဖွဲ့ကနေ ဘီလ်ရစ်ချက်ဆန်ဟာ ထွက်ခွာသွားတာဖြစ်ပါတယ်။

လက်ရှိသူရဲ့ခရီးစဉ်အတွင်းမှာ ဘယ်သူတွေ နဲ့တွေ့ဆုံဖို့ရှိဦးမလဲဆိုတာတော့မသိရသေးပါဘူး။

စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းဆိုတဲ့ အာဆီယံ ကိုယ်စားလှယ်ကို ငြင်းဆိုထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။