Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနဲ့ စစ်ကောင်စီခေါင်းဆောင်တွေ့ဆုံ ၊ ကိုဗစ်ကိစ္စဆွေးနွေးတယ်လို့သာ ထုတ်ပြန်

ခရီးစဉ်မတိုင်ခင် ဘီလ်ရစ်ချက်ဆန် ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်ဟာ ကိုဗစ်အတွက် ကူညီဖို့အဓိကထားမယ့်ခရီးစဉ်လို့ဆိုထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်ဟာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီခေါင်းဆောင်နဲ့နေပြည်တော်မှာ တွေ့ဆုံလိုက်တယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်သတင်းထုတ်ပြန်ချက်မှာတော့ ကိုဗစ်ထိန်းချုပ်ရေးအခြေအနေ နဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ခရီးစဉ်မတိုင်ခင် ဘီလ်ရစ်ချက်ဆန် ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်ဟာ ကိုဗစ်အတွက် ကူညီဖို့အဓိကထားမယ့်ခရီးစဉ်လို့ဆိုထားပါတယ်။

ဘီလ်ရစ်ချက်ဆန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိတ်ဆွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျနေတုန်းက လွတ်မြောက်ရေးအတွက် တောင်းဆိုတာ ၊ စစ်အစိုးရ ကို အရေးယူဖို့ကိစ္စတွေမှာ ဘီလ်ရစ်ချက်ဆန်ဟာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အာဏာရလာပြီး ရခိုင်အရေးအတွက် ၂၀၁၇ မှာ ဖွဲ့စည်းတဲ့ ရခိုင်အရေးအကြံပေးအဖွဲ့မှာ ဘီလ်ရစ်ချက်ဆန်ကို ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ အစည်းအဝေးမှာ ရိုက်တာ သတင်းထောက် ၂ ဦးလွတ်မြောက်ရေးနဲ့ ရခိုင်အရေး ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်မပြေကာ အဖွဲ့ကနေ ဘီလ်ရစ်ချက်ဆန်ဟာ ထွက်ခွာသွားတာဖြစ်ပါတယ်။

လက်ရှိသူရဲ့ခရီးစဉ်အတွင်းမှာ ဘယ်သူတွေ နဲ့တွေ့ဆုံဖို့ရှိဦးမလဲဆိုတာတော့မသိရသေးပါဘူး။

စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းဆိုတဲ့ အာဆီယံ ကိုယ်စားလှယ်ကို ငြင်းဆိုထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။