Connect with us

Hi, what are you looking for?

သတင်း

BGF တပ်က အခြေခံစစ်ပညာသင်တန်းဖွင့်လှစ်

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို မနေ့ (ဖေဖော်ဝါရီ ၂၅) က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်သွားပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားတပ်မတော်ဖေ့ဘွတ်ခ်

နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို မနေ့ (ဖေဖော်ဝါရီ ၂၅) က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်သွားပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့်လုပ်ငန်တွေ အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကြောင့် တိုက်ဖျက်ဖို့ ဖိအားပေးမှုတွေနဲ့ ကြုံနေရတဲ့ BGF ဟာ တဖက်မှာလည်း အခြေခံစစ်သင်တန်းဖွင့်ပွဲ ပြုလုပ်တာပါ။

စစ်သင်တန်းကို နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ကစီစဉ်တာဖြစ်ပြီးသင်တန်းကာလ ၃ လကြာမြင့်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ဖွင့်လှစ်တဲ့ အမှတ်(၁၅) စစ်အခြေခံပညာသင်တန်းမှာ သင်တန်းသား လူငယ် အမျိုးသား ၊အမျိုးသမီး ၃၀၀ ဝန်းကျင်ခန့်ရှိမယ်လို့ BGF သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“(သင်တန်းသားတွေတော့) ကြည့်ရတာတော့ များတယ်၊ ပုံမှန်ဆို ၃ လ သင်တန်းပေါ့၊ အမြန်နည်းနဲ့ဆို ၁ လပေါ့” လို့ BGF သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်တန်းတက်ရောက်တဲ့ လူငယ်လူရွယ်သင်တန်းသားတွေမှာ ကရင် ပြည်နယ်အတွင်းကျေးရွာတွေက လူငယ်တွေအပြင် ရွှေကုက္ကိုလ်မြို့အခြေစိုက် လုပ်ငန်းတွေမှာ လုံခြုံရေး ယူတဲ့ အလုပ်သမားတွေလည်း ပါဝင်တယ်လို့ BGF သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။

ကရင့်နယ်ခြားစောင့်တပ်(BGF ) ရဲ့ ခေါင်းဆောင် ဗိုလ်မှုးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင်ပိုင်းအချို့ဟာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု သံသယနဲ့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအထူးဌာန ကဖမ်းဝရမ်းထုတ်ဖို့ အသံထုတ်ခဲ့တာရှိပါတယ်။

ဗိုလ်မှုးကြီးစောချစ်သူကတော့ ကျားဖြန့် လုပ်ငန်းတွေ နဲ့ ပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ အတိအလင်းငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

Facebook