Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ်တွေ မီးလောင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ မနေ့(မတ် ၄)ညက လေကြောင်းတိုက်ခိုက်ခံရလို့ ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ်တွေ မီးလောင်ခဲ့ကြောင်းဒေသခံတွေက ပြောပါတယ်။

နတ်စောင့်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် နေအိမ်များ မီးလောင်ကျွမ်း ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ-နွားထိုးကြီး ဂျာနယ်

မင်းညို/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ မနေ့(မတ် ၄)ညက လေကြောင်းတိုက်ခိုက်ခံရလို့ ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ်တွေ မီးလောင်ခဲ့ကြောင်းဒေသခံတွေက ပြောပါတယ်။

မတ်လ ၄ ရက်​နေ့ ည ၁၀ နာရီခွဲခန့်က တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦးသေဆုံးပြီး နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဒဏ်ရာရသူတွေလည်း များကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက သတင်းထုတ်ပြန်ပါတယ်။

“ဘာပွဲမှ မရှိဘဲ ပေါင်ငါးရာကိုလေယာဥ်နဲ့ဘလိုင်းကြီးကျဲသွားတာ။ မိသားစုတစုကတော့ လေးယောက်ရှိတာ လေးယောက်လုံး ပွဲချင်းပြီးသေတယ်။ အဘွားတယောက်ကတော့ အသံနဲ့တင် လန့်သေတယ်။ လူလတ်ပိုင်း အမျိုးသားတယောက်လည်း ပွဲချင်းပြီးသေတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဆေးရုံပို့ရတဲ့ပြည်သူအရေးအတွက်လည်း များပြားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နတ်စောင့်ရွာဟာ တောင်သာမြို့အနောက်ဘက် ဆင်တဲဝချောင်းအနီးတည်ရှိပြီး အိမ်ခြေရာဂဏန်းရှိတဲ့ရွာကြီးတရွာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၄ ရက်​နေ့က နေ့လယ်ပိုင်းမှာလည်း မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနဲ့မတ်လဆန်းအတွင်းမှာ အာဏာသိမ်းစစ်တပ်က မကွေးတိုင်းမှာ မြိုင်နဲ့ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်းက တန့်ဆည်၊ ခင်ဦးနဲ့ ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်းက စဥ့်ကူးမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ပြည်သူဆယ်ချီအစုလိုက်အပြုံ

လိုက် သတ်ဖြတ်ခံနေရပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးပြုလုပ်နေတာကြောင့် ဗုံးခိုကျင်းများ စနစ်တကျတူးထားကြဖို့ လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာနဲ့ ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။