Connect with us

Hi, what are you looking for?

ဗီဒီယို

Pfizer ကို အသက် ၅ နှစ်အထက် ကလေးတွေမှာ ထိုးပေးဖို့ အမေရိကန် CDC ခွင့်ပြု

အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြားအရွယ် ကလေးတွေကို Pfizer ကုမ္ပဏီရဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးခွင့်ပေးဖို့ အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (CDC)က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

CDCရဲ့ ဒါရိုက်တာ ရော့ချဲလ် ဝယ်လန်စကီးက သိပ္ပံ ပညာရဲ့ တန်ဖိုးကြီးမားတဲ့ ဆန်းစစ် အတည်ပြုချက်တွေနဲ့အတူ ကပ်ရောဂါဆိုးကို တိုက်ဖျက်ဖို့ နောက်ထပ် အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု စတင်နိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ Pfizerနဲ့ ဂျာမန် ဇီဝနည်းပညာ လုပ်ငန်းစုကြီး BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို အရင်ကတည်းက အသက် ၁၂ နှစ်အထက် ကလေးတွေမှာ ထိုးနှံခွင့် ပြုထားပြီးသားပါ။

ကလေးတွေမှာ ကာကွယ်ဆေး ထိုးခွင့် ရလာခြင်းက ကပ်ရောဂါ ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တောက်ရာမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အမေရိကန်မှာ ကျောင်းနေအရွယ် ကလေး ၂၈ သန်းလောက်ရဲ့ မိဘတွေက သူတို့ရဲ့ ရင်သွေးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ လိုလိုလားလား တောင်းဆိုနေကြတာကို CDCက နားလည်ထားပြီး ဖြစ်ကြောင်း ဝယ်လန်စကီးက ဆိုပါတယ်။

ကလေးတွေမှာ ထိုးပေးမယ့် ကာကွယ်ဆေး ပမာဏက အရွယ်ရောက်ပြီး လူကြီးတွေထက်တော့ လျော့နည်းမှာပါ။ အမေရိကန်မှာ အသုံးပြုနေတဲ့ ကာကွယ်ဆေး ၃ မျိုးထဲမှာ Pfizerရဲ့ ထုတ်ကုန် တစ်ခုတည်းကသာ အသက် ၅ နှစ်အထက် အရွယ်တွေမှာ သုံးစွဲဖို့ CDC ခွင့်ပြုချက် ရရှိလာတာ ဖြစ်ပါတယ်။ Moderna၊ Johnson & Johnsonတို့က ထုတ်လုပ်တဲ့ ဆေးတွေကတော့ ကျောင်းနေအရွယ် ကလေးတွေအတွက် သင့်တော်မတော် ဆက်လက် စမ်းသပ်နေဆဲပါ။

အောက်တိုဘာ လတုန်းက အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဌာန (FDA)က Pfizerရဲ့ဆေးကို ကလေးတွေမှာ နှစ်ကြိမ် ထိုးပေးထားရင် ကိုဗစ်ရောဂါ မကူးစက်ဖို့၊ ဒါမှမဟုတ် ကူးစက်ခဲ့ရင်တောင် ရောဂါလက္ခဏာတွေ လုံးဝ ပြမလာဖို့ အလားအလာ ၉၁ ရာခိုင်နှုန်းလောက်ထိ များပြားကြောင်း အသိအမှတ်ပြုခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဝယ်လန်စကီးရဲ့ အဆိုအရ Pfizerရဲ့ ဆေးဟာ ကလေးတွေမှာ ထိထိရောက်ရောက် အာနိသင် ပြသတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း ထင်ထင်ရှားရှား ဘာမှ သိပ်မတွေ့ရကြောင်း သိရပါတယ်။ ကိုဗစ်ရောဂါဟာ ကလေးတွေကို ကူးစက်နိုင်ပေမယ့် လူကြီးတွေနဲ့ ယှဉ်ရင် အသေအပျောက် အချိုးအစား အရမ်းနည်းပါးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။