Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်လုပ်ငန်း ထူထောင်ထားတဲ့ ဂျပန်ယာကူဇာ တစ်ဦးကို ဘန်ကောက်မှာ ထိုင်းရဲဖမ်းဆီး

အွန်လိုင်းနဲ့ ဖုန်းခေါ်ဆိုမှုတွေကနေ ငွေကြေး လိမ်လည်တဲ့ ကျားဖြန့် လုပ်ငန်းတွေ ဦးဆောင် ဖွင့်လှစ်နေကြောင်း စွပ်စွဲချက်နဲ့ ဂျပန် ယာကူဇာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မတ်-၂၁၊ ၂၀၂၅။ People’s Spring

အွန်လိုင်းနဲ့ ဖုန်းခေါ်ဆိုမှုတွေကနေ ငွေကြေး လိမ်လည်တဲ့ ကျားဖြန့် လုပ်ငန်းတွေ ဦးဆောင် ဖွင့်လှစ်နေကြောင်း စွပ်စွဲချက်နဲ့ ဂျပန် ယာကူဇာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းရဲတွေက ယာမာဂူချီလို့သာ နာမည်ဖော်ပြထားတဲ့ ယာကူဇာ ဂိုဏ်းခေါင်းဆောင်ဟာ အိမ်နီးချင်း နိုင်ငံတွေမှာ ကျားဖြန့် လုပ်ငန်းတွေကို ထူထောင်ခဲ့ပြီးတဲ့နောက် လတ်တလော ဘန်ကောက်မှာ တိမ်းရှောင်နေတုန်း သတင်းအရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ယာမာဂူချီဟာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ နယ်နှင်ခံရပြီး မိခင်နိုင်ငံဆီ လွှဲပြောင်းပေးခံရနိုင်ခြေ ရှိနေပါတယ်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က ယာမာဂူချီကို ဘန်ကောက်မြို့ရဲ့ ဆာသွန်ခရိုင်မှာ ဖမ်းမိခဲ့ကြောင်း မတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီကိစ္စ သတင်းစာ ရှင်းလင်းမှုကို ဂျပန်သံရုံးရဲ့ ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်သံရုံးက ယာမာဂူချီရဲ့ ဗီဇာကို ရုပ်သိမ်းဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနကို မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ သက်ချိုင် ပစ်တာနီလာဘုထ်က ပြောပါတယ်။

ယာမာဂူချီဟာ ဘန်ကောက်မှာ တစ်လကို ဘတ် ၁၈၀၀၀၀ ပေးရတဲ့ အိမ်တစ်လုံး ငှားရမ်းနေထိုင်နေခဲ့တာလို့ သိရပါတယ်။ သူဟာ ဂျပန်မှာ ကိုယ်ထိလက်ရောက် ရန်ပြု တိုက်ခိုက်မှု၊ လိမ်လည်မှု၊ ခိုးမှု၊ အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်း ထူထောင်မှုတွေအတွက်လည်း အလိုရှိနေတဲ့ တရားခံပြေး တစ်ဦးပါ။

သက်ချိုင်က ယာမာဂူချီဟာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်မှာ ကျားဖြန့် လုပ်ငန်းတွေ ထူထောင်ထားပြီး အဲဒီ နိုင်ငံတွေဆီ မကြာခဏ ခရီးသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သတင်းအရ ယာမာဂူချီကို ဝင်ရောက် ဖမ်းဆီးချိန်မှာ သူ့ရဲ့ ဒုစရိုက် လုပ်ငန်းတွေက ရရှိတဲ့ ငွေကြေးတွေကို ခဝါချပေးနေတယ်လို့ ယုံကြည်ရသူ တခြား ဂျပန်နိုင်ငံသား ၄ ဦးကိုပါ ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ နောက်ပြီး ဘတ် သန်း ၃၀ လောက် တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေးယူနစ်တွေကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ယာမာဂူချီကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် ဧပြီလဆန်းလောက်မှာ ဂျပန်ကို ပြန်ပို့သွားမယ်လို့လည်း သက်ချိုင်က အတည်ပြုခဲ့ပါတယ်။

သီးခြားဖြစ်စဉ် အနေနဲ့ ထိုင်းရဲတွေဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ ထူထောင်ပြီး ဂျပန်အာဏာပိုင်တွေက ခိုးမှုနဲ့ အလိုရှိနေသူ မီယာရှီတာ မာရှီရိုဆိုတဲံ အမျိုးသားကိုလည်း ဖမ်းဆီးထားပြီး မကြာခင် ဂျပန်ကို ပြန်ပို့သွားမယ်လို့ သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...