Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုဟင်ဂျာတွေအတွက်ဒေါ်လာ၇၃သန်းထောက်ပံ့သွားမယ်လို့အမေရိကန်ထုတ်ပြန်

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၇၃ သန်း ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၇၃ သန်း ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေ အများအပြားကို ဖြတ်တောက် လျှော့ချနေပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၇၃ သန်း ပေးအပ်သွားမယ် ဆိုတာကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခက်အခဲမျိုးစုံနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေအတွက် နိုင်ငံတကာ အထောက်အပံ့ ဖြတ်တောက် ခံရမှုတွေက အခြေအနေ ပိုဆိုးသွားစေနိုင်ကြောင်း စိုးရိမ်တကြီး ဝေဖန် ထောက်ပြမှုတွေ ရှိနေချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခု ဆုံးဖြတ်ချက်ကို အသိပေးလာခဲ့တာပါ။

လူဦးရေ ၁ သန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေအတွက် အရေးတကြီး လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့ အကူအညီပေးဖို့ ဒေါ်လာ ၇၃ သန်းကို ကုလသမဂ္ဂ လက်အောက်ခံ စားနပ်ရိက္ခာ ထောက်ပံ့ရေး အေဂျင်စီဖြစ်တဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP)ဆီကနေ ပေးပို့သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တမ်မီ ဘရုစ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ 

Public Service Announcement

Public Service Announcement

လူ့အသက်တွေကို ကယ်တင်နိုင်မယ့် အခုလို အထောက်အပံ့ ကိစ္စမျိုးတွေမှာ အမေရိကန်အပြင် နိုင်ငံတကာ လက်တွဲဖော်တွေကပါ ဝန်ထုပ်ဝန်ပိုးကို မျှယူပေးဖို့ အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု အေဂျင်စီတွေက အမေရိကန် အစိုးရရဲ့ အထောက်အပံ့ ဖြတ်တောက်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ဘေးဒုက္ခတွေကို အဆိုးဆုံး အဆင့်ထိ တွန်းပို့လိုက်နိုင်ခြေ ရှိတယ်လို့ သတိပေးထားခဲ့ပါတယ်။ 

အစဉ်အလာအရတော့ အမေရိကန်ဟာ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ အများဆုံး ထောက်ပံ့နေတဲ့ အလှူရှင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဆီ ရိုဟင်ဂျာတွေ အလုံးအရင်း ထွက်ပြေး ခိုလှုံခဲ့ကြချိန်တွေ ကတည်းက အမေရိကန်ဟာ ဒေါ်လာ ၂.၄ ဘီလီယံလောက်ထိ ထောက်ပံ့ ကူညီပေးထားပြီး ဖြစ်ပါတယ်။ 

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။