Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်အပြီးမှာစစ်ကောင်စီက နောင်ချိုကို လေကြောင်းမှဗုံးကြဲ

ဖြူးမြိူ့နယ်အတွင်းစစ်​တောင်းမြစ်အ​ရှေ့ဘက်ရှမ်းရွာ​တွေကိုလည်းငလျင်လှုပ်ပြီးမှစစ်တပ်ဗုံးကြဲ

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

မတ်-၂၈၊၂၀၂၅။ဒီဒီး/People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်အပြီးမှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကံကြီးကျေးရွာအနီးကို လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(မတ်လ ၂၈ရက်) မွန်းလွဲပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး နေ့လယ် ၁နာရီခွဲ နဲ့ ၂ နာရီကြားမှာ စစ်ကောင်စီက ကံကြီးကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အပေါ်က လေယာဉ်၊ အောက်က ငလျင် တကယ့်အတွေ့အကြုံပဲ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီကနေ့မှာ အင်အားကြီးမားတဲ့ငလျင်လှုပ်ခတ်ခံရတာကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ထိတ်လန့်တုန့်လှုပ်နေချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီက ​မြေငလျင်​ကြောင့် အ​ရေး​ပေါ်အ​ခြေအ​နေ ​ကြေညာတဲ့ဒေသ ၆ ခုထဲမှာရှမ်းပြည်နယ်မှာ ရှမ်း​ပြည်နယ်​မြောက်ပိုင်းကိုထည့်သွင်းထား​ပေမယ့် အဲဒီ​ဒေသက ​နောင်ချိုကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

အလားတူစစ်​ကောင်စီဟာ အ​ရေး​ပေါ်အ​ခြေအ​နေ ​ကြေညာတဲ့ ပဲခူးတိုင်း ၊ဖြူမြို့နယ် ထဲက စစ်​တောင်းမြစ် အ​ရှေ့ဘက် ကမ်းက ​ကျေးရွာ​တွေကိုလည်း ​မြေငလျင်ကြီး လှုပ်ပြီးနာရီပိုင်းအကြာ မွန်းလွဲ ၂နာရီခွဲ နဲ့ ၃ နာရီအတွင်းမှာ ​လေ​ကြောင်းက​နေ ဗုံးကြဲခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။အဲဒီဘက်က ​ကျေးရွာ​တွေကို မတ် ၂၈ ရက်​နေ့ပါဆိုရင် စစ်တပ်က ၃ ရက်ဆက်ဗုံးလာကြဲ​နေတာလို့ ​ဒေသခံ တချို့က​ပြောပါတယ်။

အမေရိကန် ဘူဗိလေ့လာရေးဌာန (USGS)ရဲ့တိုင်းတာချက်အရ ဒီနေ့မွန်းလွဲပိုင်းက မန္တလးမြို့အနီး ကို ဗဟိုပြုပြီး အင်အားကြီးငလျင် နှစ်ခု ၁၂ မိနစ်ခန့်ခြားပြီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်သွားတာပါ။

ကနဦးငလျင်က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ရှိတဲ့ ငလျင်ကြီးက မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့် က လှုပ်ခတ်သွားတာပါ။

နောက်ဆက်တွဲ ငလျင်က ၁၂မိနစ်ခန့်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်အားရှိတဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ငလျင်သတင်းထုတ်ပြန်ရာမှာ ငလျင်က စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ဖော်ပြထားပြီး စစ်ကိုင်း ၊မန္တလေး ၊ နေပြည်တော်၊ တောင်ကြီး ၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အဦးတွေထဲမှာ ဆက်မနေကြ

ဖို့ ၊ငလျင်ကြောင့် ဆည်တာတမံတွေ​ အက်ကွဲမှု ရှိ၊မရှိ ကိုစစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွေ့ပြောင်းကြဖို့ NUGက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ