Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် တနိုင်ငံလုံးပူဆွေးသောကရောက်နေချိန် စစ်ကောင်စီက ဗန်းမော်မြို့နယ်ကို လေကြောင်းတိုက်ခိုက်

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်တွင် စစ်ကေင်စီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ယနေ့(မတ်လ ၃၀ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

၂၀၁၉ ဇန်နဝါရီ ၃၁ ရက်က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။ ဓာတ်ပုံ - AFP

ဟန်နွေ/People’s Spring

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်တွင် စစ်ကေင်စီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ယနေ့(မတ်လ ၃၀ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

လတ်တလော တိုက်ပွဲပြင်းထန်မှုမရှိသော်လည်း စစ်ကောင်စီက မတ်လ ၂၉ရက်နှင့် ၃၀ ရက်တွင် ဗန်းမော်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကချင်စစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်ကလည်း စစ်ကောင်စီက ဗန်းမော်တိုက်ပွဲ၌ ဒရုန်း၊ တိုက်လေယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်နေဆဲဖြစ်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

” ဒီကနေ့ ၁၂နာရီဝန်းကျင်မှာတော့ မိတ္ထီလာဘက်က တက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ မနေ့ကလည်း ဒီလိုပါပဲ နေ့စဉ် ရက်ဆက် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိထားပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန် စစ်ကောင်စီက ယခု ကချင်ပြည်နယ် ဗန်းမော်မြို့အပါအဝင် ရှမ်းမြောက်ရှိ နောင်ချိုမြို့နှင့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်။

မြေငလျင်လှုပ်ခတ်နေချိန် မတ်လ ၂၈ရက်ကလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ဓနုတပ်မတော်(DPLA)မှ ကာကွယ်ရေးရဲဘော် ၇ဦး ကျဆုံးခဲ့ရသည်။

“NUG ဘက်ကလည်း ယာယီအပစ်ရပ်ထားဖို့ ဒီကယ်ဆယ်ရေးကာလမှာ ခုခံစစ်မှအပ ထိုးစစ်တာတွေရပ်ဖို့ သူ့ဘက်က ရက်အကန့်အသတ်တွေနဲ့ ထုတ်ပြန်ထားတာရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဘယ်အဖွဲ့အစည်းက ဘာပဲထုတ်ပြန်ပြန် သူ့ဘက်က ဂရုစိုက်မယ့်အနေအထား မတွေ့ရပါဘူး”ဟု ဦးဇော်ဆန်က ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ငလျင်ဘေးနှင့်ပတ်သက်ပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ယနေ့(မတ်လ ၃၀ရက်)ကစတင်ကာ နှစ်ပတ်ကြာ ရပ်နားထားမည်ဟု ကြေညာထားသည်။

ထို့ပြင် ပြည်တွင်း၊ပြည်ပ ကူညီရေးအဖွဲ့များအနေဖြင့် ငလျင်ဘေးသင့် ပြည်သူများကို အမြန်ဆုံး ကူညီဆောင်ရွက်ရန် ဖိတ်ခေါ်ထားသကဲ့သို့ NUG ထိန်းချုပ်နယ်မြေများ၌ ကယ်ဆယ်ရေး ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီထိန်းချုပ်ရာ မြို့ကြီးများ၌ လုံခြုံရေး ာမခံချက်ရှိပါက NUGနှင့် ပူးပေါင်းဆောင်ရွက်နေသည့် CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အရေးပေါ် ကယ်ဆယ်ကုသရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။