Connect with us

Hi, what are you looking for?

သတင်း

AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီနေ့ည လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီနေ့(မတ်လ ၃၁ရက်) ည ၁၀နာရီလောက်မှာ လေကြောင်းကနေ ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က အတည်ပြုပါတယ်။

မြောက်ဦးမြို့အား AAက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA

မတ်-၃၁၊၂၀၂၅။လင်းသစ်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီနေ့(မတ်လ ၃၁ရက်) ည ၁၀နာရီလောက်မှာ လေကြောင်းကနေ ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က အတည်ပြုပါတယ်။

“ထိခိုက်ပျက်စီးမှုတော့ ကျွန်တော်မသိဘူးဗျ”လို့ သူက ပြောပါတယ်။

မြောက်ဦးမြို့လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး AAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ထိခိုက်မှုနှင့်ပတ်သက်ပြီးလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၃၁ ရက်ကစပြီး တစ်ပတ်တိတိ နိုင်ငံတော်အဆင့်ဝမ်းနည်းကြောင်းနေ့အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတ်မှတ်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဟာ ဒီနေ့ တစ်ရက်တည်း စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့ကို လေကြောင်းမှ ဂျက်လေယာဥ် ခြောက်စီး၊ Y12 လေယာဥ် တစ်စီးနဲ့ စက်တပ်လေထီးတို့နဲ့ ဗုံးအလုံးရေ ၆၀ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ည ၉နာရီ ၁၅မိနစ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အရှေ့ခြမ်းရှိ နွယ်ခွေကျေးရွာဘက်ကို စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုသန့်က လူထုနွေဦးကို ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ် မြို့လှလျှပ်စစ်ဓာတ်အားခွဲရုံအနီးကိုလည်း ဒီနေ့ နံနက် ၈ နာရီကျော်ကစပြီး လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ စလင်းပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံအတွင်း ငလျင်ဒဏ်ခံစားနေရချိန်မှာ စစ်ကောင်စီက တိုက်ပွဲနေရာတွေအပြင် တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ အဆတ်မပြတ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၃၀ရက် သတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ ၂၈ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

Facebook