Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် PDFများ ထိုးစစ်ရပ်နားချိန် စစ်ကောင်စီက ချောင်းဦးနှင့် မြင်းမူ၌ အင်အားဖြည့်တင်းနေ

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော မန္တလေးမြို့ခံများအား စစ်သားများက ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၃၁ ရက်)တွင် အနောက်မြောင်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကားသုံးစီး၊ အင်အား ၁၀၀ ကျော်ဖြင့် ချောင်းဦးနှင့် မြင်းမူမြို့နယ်ဘက်သို့ စစ်ကောင်စီက အားဖြည့်ခဲ့သည်ဟု ဆိုသည်။

“သူတို့ဘာလုပ်မလဲဆိုတာတော့ ဆက်စောင့်ကြည့်နေတယ်။ကျွန်တော်တို့ကတော့ ကိုယ့်ဒေသမှ ဘာမှ မဖြစ်လို့ လုပ်လို့ရတာ လုပ်နိုင်ပေမယ့်ပြည်တွင်းကိုယ့်နိုင်ငံ သားတွေဒုက္ခရောက်လို့ လူသားချင်းစာနာ ထောက်ထားမှုတွေအရ စစ်ရပ်ထားတာ။စစ်ကြောင်းထိုးလာရင်တော့ ခုခံ တန်ပြန်တိုက်ခိုက်မှုတွေလုပ်သွားမှာဖြစ်တယ်”ဟု ကိုသန့်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ည ၉ နာရီခွဲခန့်တွင်လည်း မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ စစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊အလ္လကပ္ပရွာအရှေ့ဘက်တွင်ရှိသော ဒို့မြန်မာကျော်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက အသိပေးသည်။

ထို့အပြင် မြင်းမူ-ချောင်းဦး-မုံရွာကားလမ်းတလျှောက်တွင်လည်း စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုရှိနေကြောင်း ၎င်းက ဆိုသည်။

အလားတူ မုံရွာမြို့အပေါ်ဘက်ရှိ ဘုတလင်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်သားများစစ်ကြောင်း ထိုးလာခဲ့ပြီး ဘုတလင်မြို့အတွင်းသို့ ယမန်နေ့ ညနက်ပိုင်းက ဝင်ရောက်လာခဲ့သည်ဟု ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းက ယနေ့(ဧပြီ ၁ရက်)နံနက်တွင် အသိပေးထားသည်။

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး မတ်လ ၂၈ ရက် ညပိုင်းကပင် တိုက်ပွဲမရှိဘဲ ချောင်းဦးမြို့နယ်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၉ နာရီ ၁၅မိနစ်ကလည်း ချောင်းဦးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်