Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ဂျာမနီ ပြန်လာမယ်လို့ ရွေးကောက်ပွဲ အနိုင်ရ ခေါင်းဆောင်ပြော

ဂျာမနီရဲ့ အင်အားကြီးမားတဲ့၊ ဥရောပကို ဦးဆောင်နိုင်မယ့် နေ့ရက်တွေ ပြန်လည် ရောက်ရှိလာတော့မယ်လို့ ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုတွေ အောင်မြင်ပြီးချိန်မှာ ပြောကြားလိုက်ပါတယ်။

ဂျာမနီရဲ့ အင်အားကြီးမားတဲ့၊ ဥရောပကို ဦးဆောင်နိုင်မယ့် နေ့ရက်တွေ ပြန်လည် ရောက်ရှိလာတော့မယ်လို့ ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုတွေ အောင်မြင်ပြီးချိန်မှာ ပြောကြားလိုက်ပါတယ်။

ဧပြီ ၉ ရက်နေ့မှာ ဖရိုင်းဒရစ်ချ်မားဇ်က နောက်လကစပြီး နိုင်ငံရဲ့ အဓိပတိအဖြစ် သူဦးဆောင်မယ့် ဂျာမနီ ညွန့်ပေါင်း အစိုးရဟာ နိုင်ငံကို ခမ်းနားတဲ့ ဦးဆောင် ရပ်တည်မှုမျိုးဆီ ပြန်လည် ဆောင်ကြဉ်းသွားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုတွေမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကာကွယ်ရေး ကဏ္ဍတွေကို မြှင့်တင်မယ့် စိတ်ကူး အစီအမံတွေကို တင်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် အစဉ်အလာ မဟာမိတ် ဥရောပ နိုင်ငံတွေအပေါ် သိသိသာသာ စိမ်းကားတဲ့ သဘောထား အမြင်တွေ ပြသလာချိန်မှာ မားဇ်ဟာ ဥရောပတိုက်ရဲ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီးကို ဦးဆောင်ဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။

မားဇ်ဟာ ဥရောပကို ပစ်ပယ်လာတဲ့ ထရမ့်ရဲ့ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသူ တစ်ဦးပါ။ သူ့အနေနဲ့ ထရမ့်ဆီ သတင်းစကား တစ်ခုခု ပေးချင်သလားလို့ သတင်းထောက်တွေက မေးတဲ့အခါ မားဇ်က ဂျာမနီဟာ နိုင်ငံရဲ့ ကာကွယ်ရေး ရည်မှန်းချက်တွေကို ပြည့်မီအောင် တည်ဆောက်ယူရင်း စီးပွားရေး အရလည်း နိုင်ငံတကာမှာ ယှဉ်ပြိုင်ဝင်ဆံ့နိုင်တဲ့ အနေအထားထိ ပြန်တက်လှမ်းသွားမယ်လို့ အင်္ဂလိပ်လို ဖြေကြားသွားခဲ့ပါတယ်။ ဂျာမနီဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာမယ်လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ရွေးကောက်ပွဲမှာ မားဇ် ဦးဆောင်တဲ့ ခရစ်ယာန် ဒီမိုကရက်တစ်နဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး မဟာမိတ် အင်အားစု (CDU/CSU)က အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် လက်ရှိ ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်ရဲ့ ဗဟိုလက်ဝဲယိမ်း ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (SPD)နဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ကိစ္စကို မားဇ်က သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ဒီတော့ CDU၊ CSUနဲ့ SPD နိုင်ငံရေး အင်အားစု သုံးခု ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရကို မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

ထရမ့်ကိုယ်တိုင်က အားပေး ထောက်ခံခဲ့တဲ့ လက်ယာစွန်း အင်အားစုဖြစ်တဲ့ AfD ပါတီကလည်း ဂျာမနီ ရွေးကောက်ပွဲမှာ ထောက်ခံမှု အတော်လေး ရခဲ့ပေမယ့် အစဉ်အလာ ကြီးမားတဲ့ နိုင်ငံရေး ပါတီတွေကတော့ AfDကို အစိုးရ ဖွဲ့စည်းရေးအတွက် မကမ်းလှမ်းဘဲ ဖယ်ချန်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ပါတီတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းကို ဆက်လက် အားပေး ကူညီနေဖို့လည်း သဘောတူထားကြပါတယ်။

ပါတီ သမိုင်းတလျှောက် ရွေးကောက်ပွဲတွေမှာ စံချိန်တင် အောင်မြင်မှုအဖြစ် ထောက်ခံမဲ ၂၀ ရာခိုင်နှုန်း ရခဲ့ပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ AfDကတော့ မားဇ်ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရဟာ သက်တမ်းပြည့်အောင်တောင် တာဝန်မယူနိုင်ဘဲ အတွင်းပိုင်းကနေ ပြိုကွဲသွားလိမ့်မယ်လို့ ဝေဖန် ပြောကြားထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။