Connect with us

Hi, what are you looking for?

သတင်း

ငလျင်​ကြောင့်ပြိုကျအန္တရာယ်ရှိ​သော ကျောက်သေတ္တာကျောက်တုံးကြီးကို ဖြိုမချဘဲ ကွန်ဂရစ်​လောင်းထိန်းသိမ်းရန်အာဏာသိမ်း​ခေါင်း​ဆောင်ညွှန်ကြား

CINCDS

​ကျောက်တုံးကြီးပြုတ်ကျမည်ကို ​ဒေသခံများစိုးရိမ်​နေ

ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းငလျင်ဒဏ်‌ကြောင့် လူနေရပ်ကွက်အတွင်း ပြိုကျမည့်အန္တရာယ်ရှိနေသော ကျောက်ဆည်မြို့ရှိ စေတီတည်ထားသော ကျောက်သေတ္တာကျောက်တုံးကြီးကို ဖြိုမချဘဲကွန်ကရစ်‌လောင်း၍ ထိန်းသိမ်းရန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားသွားသည်။

ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရားတည်ထားတဲ့ ရွှေသာလျောင်းတောင်ပေါ် မှ ကျောက်တုံးကြီး(ဒေသအခေါ် ကျောက်သေတ္တာ)သည် မတ်လ ၂၈ရက်က ငလျင်ဒဏ်ကြောင့် အနည်း

Public Service Announcement

Public Service Announcement

ငယ်တိမ်းစောင်းသွားခဲ့သည်။နှစ်ထပ်တိုက်နှစ်လုံးခန့်ရှိသည့်အဆိုပါကျောက်တုံးကြီးသည် ရွှေသာလျောင်းတောင်ပေါ်မှ အမြင့် ပေ၃၅၀ခန့်အကွာ၌ရှိနေသည်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အဆိုပါကျောက်တုံးကြီး ပြိုကျနိုင်ခြေ ၉၀ရာခိုင်နှုန်းအထိရှိနေကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကပြောသည်။

ကျောင်တုံးကြီး ပြုတ်ကျပါကတောင်ခြေရှိ စုကြီးရပ်ကွက်၊ လေးမျက်နှာဘုရား၊ မင်းရဲမြောင်၊ ဈေးလမ်းနယ်နိမိတ်တို့ ထိခိုက်ပျက်စီးမှုများရှိနိုင်၍ ဧပြီ ၃ ရက်မှစ၍ နေရာပြောင်းရွှေ့ထားခဲ့သည်။

မူလက မိုင်းခွဲဖျက်ဆီးမည်ဟု စစ်​ကောင်စီလက်​အောက်ခံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကစီမံခဲ့သော်လည်း ဧပြီလ ၁၅ရက်အထိ မဖျက်ဆီးသေးဘဲရှိနေစဉ် စစ်ကောင်စီခေါင်းဆောင်က​​​ကျောက်ဆည်သို့လာစဥ်ညွှန်ကြားချက်ပေးခြင်းဖြစ်သည်။

“မနေ့ကဂျပု(မင်းအောင်လှိုင်) ရောက်လာတယ်။ ဒါကြီးကို ကွန်ကရစ်နဲ့ ပြန်ထိန်းမယ်တဲ့ဗျာ။ ပြုတ်ကျရင် သေကုန်တော့မှာပဲ”ဟု ကျောက်ဆည်မြို့ခံတဦးကပြောသည်။

အာဏာသိမ်းခေါင်းဆောင်သည်ဧပြီလ ၁၅ရက်က ကျောက်ဆည်မြို့ရောက်ရှိလာပြီး ငလျင်ဘေးသင့်ဒေသခံအချို့ နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် ကျောက်သေတ္တာကိုပါ မဖြိုခွဲဘဲဆက်လက်ထိန်းသိမ်းထားရန် ညွှန်ကြားသွားခြင်းဖြစ်သည်။

“ငလျင်‌ဘေးလည်း ထိထိရောက်ရောက်လုပ်မပေးဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကျောက်တုံးကြီးကိုလည်း ယတြာချေတဲ့သဘောနဲ့ သူစိတ်ထင်သလို ညွှန်ကြားသွားတယ်။ တစ်ခုခုဖြစ်လာရင် တာဝန်ယူမယ့်သူမရှိဘူး” ဟု မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

ကျောက်တုံးကြီး ပြိုကျလာနိုင်တဲ့အတွက် အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားတဲ့ဧရိယာကိုတွေ့ရပုံ

နောက်ဆက်တွဲငလျင်များလှုပ်နိုင်ခြေရှိသေး၍ အဆိုပါကျောက်တုံးကြီးအား ဖောက်ခွဲဖျက်ဆီးသင့်ကြောင်း ဘူမိကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ကျောက်သေတ္တာရှိသည့်နေရာကို ဒရုန်းဖြင့်အသေးစိတ်ရိုက်ကူး၍ အချက်အလက်ရယူရန်၊ မိုင်းခွဲဖြိုချခြင်းမပြုလုပ်ဘဲ အရည်အသွေးပြည့်မီသည့် ကွန်ကရစ်များဖြင့် RC လောင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်ချိရေးမီဒီယာများတွင် ဧပြီ ၁၆ ရက်တွင်ထုတ်ပြန်သည်။

ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် သေဆုံးသူ ၁၇ဝဦးထက်မနည်းရှိခဲ့ပြီးမြို့ပေါ်မှအဆောက်အအုံများလည်း ပြိုကျပျက်စီးခဲ့သည်။ ငလျင်လှုပ်ပြီးရက်အနည်းငယ်အတွင်း ရှာဖွေကယ်ဆယ်ရေးများမနိုင်မနင်းဖြစ်ခဲ့သည်။ သေဆုံးသူများပြားပြီး မီးသင်္ဂြိုဟ်​ရမှုများပြားသဖြင့် မီးသင်္ဂြိုဟ်စက်ကွဲအက်ခဲ့သည်။ ငလျင်ဘေးသင့်သူစာရင်းကောက်ယူစဉ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပျူ စောထီးများက မာန်မဲကြိမ်းမောင်းမူများရှိခဲ့ကြောင်း မြို့ခံများကပြောသည်။

ကျောက်သေတ္တာအတွင်းနောင်ပွင့်မည့်ဘုရားများအား လှူဒါန်းရန် အဓိဋ္ဌာန်ပြုထားသောရွှေ၊ငွေ ရတနာများရှိနေသည်ဟု ရှေးလူကြီးများ၏ ပါးစပ်ရာဇဝင် တဆင့်စကားတစ်ဆင့်နားဖြင့် ​ဒေသခံများကြားယုံကြည်သက်ဝင်မှုရှိနေသည်။ ထိုအပြင်နှစ်ပေါင်းများစွာရှိနေသော ကျောက်တုံးကြီးဖြစ်သောကြောင့် မြို့၏ အထင်ကရနေရာတစ်ခုအဖြစ် တန်ဖိုးထား​သောမြို့ခံများလည်းရှိသည်။သို့သော်ယခုကဲ့သို့အသက်အန္တရာယ်နီးကပ်သည့်အခြေအနေကြောင့်ဖောက်ခွဲဖျက်ဆီးပစ်ရန် ဒေသခံအများစုကလိုလားနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။