Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ်နှစ်ဦး KNDFထံ အလင်းဝင်လာ

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ် နှစ်ဦးအလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

KNDFထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားနှစ်ဦးအား လက်နက်နှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ − KNDF

ဧပြီ၂၃ ၊၂၀၂၅။ ရဲခေါင်/People’s Spring

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ် နှစ်ဦးအလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသစ်နှစ်ဦးမှာ ဧပြီ၂၀ ရက်က လက်နက်နှင့်အတူ ထွက်ပြေးလာခြင်းဟု ဆိုသည်။

စစ်မှုထမ်းသင်တန်းအပတ်စဉ် (၇)အဖြစ် စစ်သင်တန်းပေးပြီး ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသော ခလရ (၉)တပ်ရင်းမှ အဆိုပါတပ်သားသစ်နှစ်ဦးမှာ MA-1 တစ်လက် ၊ MA-2 တစ်လက် တို့ပါရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်နက်ဖြင့် အလင်းဝင်လာသူနှစ်ဦးအား KNDFက ဆုကြေးငွေများပေးအပ်၍ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထား​ကြောင်းလည်း ဖော်ပြသည်။

“စစ်ကောင်စီက အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရတဲ့သူတွေက အခုကာလမှာ ဘက်ပြောင်းခိုလှုံမှုတွေ ခပ်စိပ်စိပ်ရှိနေတယ်။အထူးသဖြင့် တိုက်ပွဲ ​ဖြစ်လေ လေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးဖို့အခွင့်အလမ်းပိုရလေ လို့ ဆိုရမှာဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

အင်အားယုတ်လျော့လာသည့် စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာတည်ကြောင်းထုတ်ပြန်ထားသော စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများအား အတင်းအကြပ်စစ်မှုထမ်းစာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းတို့ လုပ်ဆောင်၍ စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ချက်ချင်းပို့ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း KNDFက ဆိုသည်။

စစ်ကောင်စီသည် အင်အားချည့်နှဲ့လာမှုနှင့်အတူ အတင်းအဓမ္မတပ်သားစုဆောင်းမှုများ ထပ်တိုးလုပ်ဆောင်လာမှုများကြောင့် ပြည်သူများအထူးသတိထား၍ သွားလာရန်နှင့် အတင်းအကြပ်ခေါ်ဆောင်ခံရပါက နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ၏ ဆက်သွယ်ရန်အချက်အလက်များ မှတ်သားထား၍ ဆက်သွယ်ရန်လည်း တိုက်တွန်းသည်။

KNDF၏ ထုတ်ပြန်ချက်မှတ်တမ်းများအရ အဓမ္မစစ်မှူထမ်းရသူများသည် ၂၀၂၄ ဒီဇင်ဘာနှင့် ၂၀၂၅ ဇန်နဝါရီ လကုန်အထိ အလင်းဝင်ခိုလှုံလာသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ရန်ကုန်မြို့မှာ စစ်ရှောင်ရင်း ကိုရင်ဝတ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။