Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ်နှစ်ဦး KNDFထံ အလင်းဝင်လာ

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ် နှစ်ဦးအလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

KNDFထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားနှစ်ဦးအား လက်နက်နှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ − KNDF

ဧပြီ၂၃ ၊၂၀၂၅။ ရဲခေါင်/People’s Spring

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ် နှစ်ဦးအလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသစ်နှစ်ဦးမှာ ဧပြီ၂၀ ရက်က လက်နက်နှင့်အတူ ထွက်ပြေးလာခြင်းဟု ဆိုသည်။

စစ်မှုထမ်းသင်တန်းအပတ်စဉ် (၇)အဖြစ် စစ်သင်တန်းပေးပြီး ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသော ခလရ (၉)တပ်ရင်းမှ အဆိုပါတပ်သားသစ်နှစ်ဦးမှာ MA-1 တစ်လက် ၊ MA-2 တစ်လက် တို့ပါရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်နက်ဖြင့် အလင်းဝင်လာသူနှစ်ဦးအား KNDFက ဆုကြေးငွေများပေးအပ်၍ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထား​ကြောင်းလည်း ဖော်ပြသည်။

“စစ်ကောင်စီက အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရတဲ့သူတွေက အခုကာလမှာ ဘက်ပြောင်းခိုလှုံမှုတွေ ခပ်စိပ်စိပ်ရှိနေတယ်။အထူးသဖြင့် တိုက်ပွဲ ​ဖြစ်လေ လေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးဖို့အခွင့်အလမ်းပိုရလေ လို့ ဆိုရမှာဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

အင်အားယုတ်လျော့လာသည့် စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာတည်ကြောင်းထုတ်ပြန်ထားသော စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများအား အတင်းအကြပ်စစ်မှုထမ်းစာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းတို့ လုပ်ဆောင်၍ စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ချက်ချင်းပို့ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း KNDFက ဆိုသည်။

စစ်ကောင်စီသည် အင်အားချည့်နှဲ့လာမှုနှင့်အတူ အတင်းအဓမ္မတပ်သားစုဆောင်းမှုများ ထပ်တိုးလုပ်ဆောင်လာမှုများကြောင့် ပြည်သူများအထူးသတိထား၍ သွားလာရန်နှင့် အတင်းအကြပ်ခေါ်ဆောင်ခံရပါက နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ၏ ဆက်သွယ်ရန်အချက်အလက်များ မှတ်သားထား၍ ဆက်သွယ်ရန်လည်း တိုက်တွန်းသည်။

KNDF၏ ထုတ်ပြန်ချက်မှတ်တမ်းများအရ အဓမ္မစစ်မှူထမ်းရသူများသည် ၂၀၂၄ ဒီဇင်ဘာနှင့် ၂၀၂၅ ဇန်နဝါရီ လကုန်အထိ အလင်းဝင်ခိုလှုံလာသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာမှ စစ်ရာဇဝတ်မှုဖြစ်ရပ်ကို သက်သေအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူနိုင်ရေးပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(မေ ၁၃ ရက်) ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

လက်တဆုပ်စာ ဗိုလ်ချုပ်ကြီးတို့၏ အကျိုးစီးပွားကို ကာကွယ်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြရန် KNLA ဌာနချုပ်က ထပ်မံ တိုက်တွန်းခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့ရဲတပ်ဖွဲ့က ရဲတပ်သားတစ်ဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Facebook