Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းအချို့တိုက်ပွဲနယ်မြေ၌ထပ်တွေ့ဟု MNDAAထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ပန်ရင်လားပ တောင်ကုန်းတွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲ၌ MNDAAတပ်မှ တပ်စိတ်မှူးတစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်၏ အကျအဆုံးမသိရကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ စွန့်လွှတ်ခဲ့သည့် တပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို တိုက်ပွဲဖြစ်ပွားရာနေရာများမှ တွေ့ရှိခဲ့ရကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့(နိုဝင်ဘာ၈ ရက်) ထုတ်ပြန်သည်။

MNDAAက နိုဝင်ဘာ ၆ရက် တိုက်ပွဲအခြေအနေကို ဖော်ပြရြ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် MNDAA၏ ကျင်ကော်တစ်တပ်စခန်းကို စဉ်ဆက်မပြတ်ထိုးစစ်ဆင်နေကြောင်း တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီမှ စွန့်လွတ်ခဲ့သော တပ်သားအလောင်းများတွေ့ရှိပြီး လက်နက်ခဲယမ်းအချို့များသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီ၏ ရှေ့တန်းရဲဘော်များ၏ လုပ်ရပ်သည် တိုက်ပွဲဆန့်ကျင်သော လက္ခဏာကို ပြနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၅ရက် နေ့လည်ပိုင်းကလည်း စစ်ကောင်စီတပ်သည် MNDAA၏ ကျင်ကော်တစ်တပ်စခန်းကို နှစ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ပြန်ဆုတ်သွားကြောင်း၊ထို့နောက် နှစ်ဖက်မှစစ်ရေး ဆက်လက် တင်းမာနေပြီး စစ်ကောင်စီမှ မုံးကိုးဗျူဟာနှင့် ကွမ်သာဒေသ ရှိလက်နက်ကြီးများဖြင့် ကျင်ကော်တစ် တပ်စခန်းကို ပစ်ခတ်ခဲ့ရာ MNDAA တပ်မှတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ပန်ရင်လားပ တောင်ကုန်းတွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲ၌ MNDAAတပ်မှ တပ်စိတ်မှူးတစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်၏ အကျအဆုံးမသိရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း ဒေသများ၌ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။