Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လိင်ပြောင်းထားသူ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

လိင်ပြောင်းလဲထားတဲ့ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

Khaosod English

လိင်ပြောင်းလဲထားတဲ့ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖူထောင်ယွမ်ကို ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေး ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ မျက်နှာမှာ ကုတ်ခြစ် ဒဏ်ရာတွေ ရှိနေတဲ့ သံသယ တရားခံ အမျိုးသားကို အခင်းဖြစ်ပွားရာ ပတ္တရားမြို့ဆီကို စုံစမ်းစစ်ဆေးမှုတွေ ခံယူစေဖို့ ရဲတွေက ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

သေဆုံးသူရဲ့ အလောင်းကို ပတ္တရားမြို့လယ်၊ ဆွိုင်အာရွန်ထိုင်းမှာရှိတဲ့ အငှားတိုက်ခန်း တစ်ခုမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ နောင်ခမ်းမှာ နေထိုင်ပြီး ဝိုရာနန်လို့ ထိုင်းမီဒီယာတွေက နာမည်ဖော်ပြတဲ့ အမျိုးသမီးဟာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လည်ပင်းကနေ လိင်အင်္ဂါထိ ထောင်လိုက် ခွဲခြမ်းခံထားရပြီး အဆုတ်တွေက ပျောက်ဆုံးနေသလို နှလုံးကိုလည်း ဖယ်ထုတ်ထားတယ် ဆိုတာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ရဲစုံထောက် အရာရှိတွေဟာ တိုက်ခန်းထဲမှာ ကတ်ကြေးတစ်လက်နဲ့ ပလတ်စတစ် အိတ်ကြီးတစ်လုံးကိုလည်း ရှာတွေ့ခဲ့ပါတယ်။ ရေချိုးခန်းဟာ သန့်သန့်ရှင်းရှင်း ရှိနေခဲ့ပြီး သွေးအစအနတွေ မရှိသလောက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ရဲတွေဟာ အခင်းဖြစ်တဲ့ နေရာကို အသေးစိတ် စုံစမ်းပြီး DNA နမူနာတွေကိုလည်း ရယူခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ရာ တိုက်ခန်းရဲ့ သန့်ရှင်းရေး ဝန်ထမ်းဟာ ဧပြီ ၂၆ ရက်နေ့ မနက် ၂ နာရီလောက်တုန်းက တရုတ် အမျိုးသား တစ်ဦးနဲ့ လိင်ပြောင်းလဲထားသူ အမျိုးသမီးတို့ ရှိနေတဲ့ အိပ်ခန်းထဲက ဆူဆူညံညံ အသံတွေကို ကြားခဲ့ရပါတယ်။ အမျိုးသမီးက သူ့ကို ရန်မလုပ်ဖို့ အော်ဟစ် တောင်းပန်နေခဲ့တဲ့ အသံတွေကိုလည်း အဲဒီဝန်ထမ်းက ကြားခဲ့ရပါတယ်။ နောက်တော့ ခြေသံတွေ၊ တံခါးကို ကန်နေတဲ့ အသံတွေ တစ်နာရီလောက်ကြာအောင် ထွက်ပေါ်နေပြီး လုံးဝ တိတ်ဆိတ်သွားတယ်လို့ ဆိုပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ ဝန်ထမ်း အမျိုးသမီးဟာ အလုပ်ရှင်ဖြစ်တဲ့ အိမ်ရာ မန်နေဂျာကို အဲဒီအကြောင်း ပြောပြခဲ့ပြီး အလုပ်ရှင်က အိမ်ငှားတွေကို ဒါမျိုး မဆူကြဖို့ သွားသတိပေးစေခဲ့ပါတယ်။ ဒါပေမဲ့ တံခါးခေါက်လို့ ဘာတုံ့ပြန်မှုမှ မရှိတဲ့အခါ သော့အပိုကို သုံးပြီး ဖွင့်ဝင်ကြည့်ခဲ့ရာက မမြင်ရက်စရာ အလောင်းကို ရှာတွေ့ခဲ့တာလို့ သိရပါတယ်။

အမျိုးသမီးဟာ သွေးအိုင်ထဲမှာ ငြိမ်သက်နေပြီး တရုတ်နိုင်ငံသားကိုတော့ ရှာမတွေ့တော့ပါဘူး။ အဲဒီနောက် အထိတ်တလန့် ဖြစ်နေတဲ့ အိမ်ရာ မန်နေဂျာဟာ ရဲတွေဆီ ဖုန်းဆက်ခဲ့ပါတော့တယ်။

အိမ်ရာ မန်နေဂျာရဲ့ အဆိုအရ တရုတ်နိုင်ငံသားဟာ ဧပြီ ၂၅ ရက်နေ့ကစလို့ တစ်ပတ်စာ တိုက်ခန်း ငှားထားခဲ့တယ်လို့ သိရပါတယ်။ ပတ်စ်ပို့တ်အရ အဲဒီ အမျိုးသားဟာ ထိုင်းကို ကမ္ဘာလှည့် ခရီးသည် အနေနဲ့ နှစ်ကြိမ် သုံးကြိမ်လောက် ရောက်ခဲ့ဖူးတယ်ဆိုတာ သတိပြုမိခဲ့ကြောင်း အိမ်ရာ မန်နေဂျာက ပြောပါတယ်။

ရဲတွေက သံသယ တရားခံကို ဖြန့်ကျက် ရှာဖွေခဲ့တဲ့နောက် နေ့လယ် ၂ နာရီ မထိုးခင်လောက်မှာ သုဝဏ္ဏဘူမိ လေဆိပ် စစ်ဆေးရေးကို ဖြတ်သန်းဖို့ ကြိုးစားနေချိန် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူဟာ China Eastern လေကြောင်းလိုင်းရဲ့ ခရီးစဉ် အမှတ် MU 742နဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တော်ဆီ ထွက်ခွာသွားဖို့ ရည်ရွယ်ထားခဲ့တာလို့ သိရပါတယ်။

ရဲတွေက လောလောဆယ် ဖူကို ချုပ်နှောင်ထားပြီး အသေးစိတ် စစ်ဆေးမှုတွေ မတိုင်ခင် အခင်းဖြစ်တဲ့ နေရာက မှုခင်းဆိုင်ရာ အချက်အလက် နမူနာတွေ ရယူနေတယ်လို့ ပြောပါတယ်။ ဖူက သူဟာ အရင်ဆုံး စတင် တိုက်ခိုက်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ခဲ့ရုံသာ ဖြစ်တယ်လို့ ကနဦး ထွက်ဆိုထားပေမယ့် အခင်းဖြစ်တဲ့ နေရာက အခြေအနေတွေကို ကြည့်ပြီး ရဲတွေကတော့ ဒီအချက်အပေါ် သံသယ ဝင်နေပါတယ်။

အိမ်ခန်းထဲမှာ တွေ့ရှိထားတဲ့ ပစ္စည်းတွေနဲ့ လုံခြုံရေး ကင်မရာ CCTV မှတ်တမ်းတွေအရ ဖူဟာ အခုကိစ္စကို ကြိုတင် ကြံစည် ကျူးလွန်တယ်လို့ ရဲတွေက ယူဆနေပါတယ်။ CCTV မှတ်တမ်းတွေအရ ဖူဟာ ဧပြီ ၂၅ ရက်နေ့မှာ စတိုးဆိုင်ကနေ အနက်ရောင် အမှိုက်အိတ် တစ်ထုပ်၊ အိတ်အကြည် တစ်ထုပ်၊ သက်တံရောင်စုံ ဒီဇိုင်းနဲ့ အိတ်ကြီးတစ်လုံး၊ ကတ်ကြေး၊ ဇစ်အိတ်တွေကို ၁၉၅ ဘတ်သုံးပြီး ဝယ်ယူခဲ့တယ်လို့ စစ်ဆေး တွေ့ရှိထားခဲ့ပါတယ်။

လက်ရှိမှာတော့ စုံထောက်တွေဟာ အလောင်းကနေ ပျောက်သွားတဲ့ အဆုတ်တွေ ဘယ်မှာလဲ ဆိုတာကို ဦးစားပေးအဆင့် စစ်ဆေးနေကြပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ မှုခင်းရေးရာ ကျွမ်းကျင်သူတွေကလည်း ပူးပေါင်း ကူညီပေးနေတယ်လို့ သိရှိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။