Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦးက လက်နက်ဖြင့် ပစ်ခတ်နေသည့် ရုပ်သံဖိုင်မှ

မေ၁၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ဆင်နွှဲခဲ့သည့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲ ၅လကြာမြင့်ပြီဖြစ်သည်။

ဧပြီ ၂၅ရက်တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အပါအဝင် လက်ကျန်တပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်က ပြန်လည်၍ ထပ်မံထိုးစစ်ရှိန်မြှင့် တိုက်ခိုက်နေရာ စကခ(၂၁) ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများကို ထပ်မံ သိမ်းပိုက်ထားပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲ ပြင်းထန်နေတုန်းပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ညပိုင်း၌ ပြောပြထားပြီး အခြေအနေအသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲ အောင်မြင်မှုများ ရရှိထားသော်လည်း ပြောရန် စောနေသေးဟု ပြောသည်။

“တောက်လျှောက်ဖြစ်နေဆဲပဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယနေ့ (မေလ ၁ရက်)နံနက်တွင် ဖားကန့်မြို့နယ် လဝါးကျေးရွာအနီး တိုက်ပွဲဖြစ်နေသည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“လီဒိုလမ်းမကြီးနဘေး လဝါးရွာဘေးမှာ ကချင် ခရစ်ယာန်တို့ရဲ့ ဆုတောင်းတောင်မှာ မင်းဇေသန့်နဲ့ မင်းအောင်လှိုင်အဖွဲ့တွေက အရင်လက စစ်စခန်းသွားချထားတာ။အဲဒါကို KIA ဒီမနက်သွားတယ်လို့ သတင်းရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် အပစ်ရပ်မည်ဟုကြေညာထားသော်လည်း လဝါးရွာသို့ ဧပြီလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်က ကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်။

ဗန်းမော်မြို့တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA သတင်းပြန်ပြန်ကြားရေးဌာန အနေနဖြင့် ဗန်းမော်မြို့၌ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသိပေးဖော်ပြမှုရှိသော်လည်း စစ်ရေးအခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။