Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အပစ်ရပ်နောက်ဆုံးညတွင် မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဧပြီ ၃၀ရက်) ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဗုံးအပိုင်းအစများ။ ဓာတ်ပုံ − TNLA

မေ၁၊ ၂၀၂၅။သက်ဝေ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဧပြီ ၃၀ရက်) ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ဧပြီလကုန်အထိ အပစ်ရပ်မည်ဟုကြေညာထားသော်လည်း မိုးကုတ်မြို့အပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

ဧပြီ ၃၀ရက် ည ၈နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးကုတ်မြိုအနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်ကိုလည်း ဧပြီ ၂၄ရက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆိပ်ငွေ့ဗုံးများ အသုံးပြု တိုက်ခိုက်ခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် PSLF/TNLA အုပ်ချုပ်သော မြိုနယ်များကို စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများ လေကြောင်း တိုက်ခိုက်ခြင်း ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ရေး အမြဲသတိရှိရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာများ လိုက်နာဆောင်ရွက်ရန် ထပ်မံ နှိုးဆော်ထားသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့သည့် မိုးကုတ်သည် မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့ဖြစ်ပြီး စစ်ကောင်စီက ဧပြီလအတွင်း ပြင်ဦးလွင်ခရိုင်ရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာ မြို့နယ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်များစွာဖြင့် ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရာ သပိတ်ကျင်းမြို့နယ်တခုတည်း၌ပင် သေဆုံးပြည်သူ ၄၀ဦးကျော်နှင့် ဒဏ်ရာရသူ ၄၀ဦးကျော်ရှိကြောင်း သပိတ်ကျင်းမြို့နယ် ပကဖက အသိပေးထားသည်။

စစ်ကောင်စီက မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြီးဘေးကို အကြောင်းပြပြီး ဧပြီ ၂ရက်မှ ၃၀ရက်အထိ အပစ်ရပ်မည်ဟုကြေညာခဲ့သော်လည်း ကြေညာချက်ကို ကိုယ်တိုင်ချိုးဖောက်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

ထိုသို့ အပစ်ရပ်ကြေညာပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ လက်ချက်ကြောင့် နိုင်ငံတဝန်း ပြည်သူ ရာနှင့်ချီ အသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook