Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျမှာ အဝေးပြေးလမ်းပေါ် သတ္တုဖြတ်စတွေ ကျကျန်နေရာက ကားအစီး ၃၀၀ လောက် ဘီးပေါက်

ဩစတြေးလျ နိုင်ငံက အဝေးပြေး လမ်းမတစ်ခုမှာ ထရပ်ကား တစ်စီးပေါ်က သတ္တု ဖြတ်စတွေ ပြုတ်ကျ ကျန်ခဲ့ရာက ရာနဲ့ချီတဲ့ ကားတွေ ဘီးပေါက်ကုန်ကြပါတယ်။

ဩစတြေးလျ နိုင်ငံက အဝေးပြေး လမ်းမတစ်ခုမှာ ထရပ်ကား တစ်စီးပေါ်က သတ္တု ဖြတ်စတွေ ပြုတ်ကျ ကျန်ခဲ့ရာက ရာနဲ့ချီတဲ့ ကားတွေ ဘီးပေါက်ကုန်ကြပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်ထဲမှာရှိပြီး နိုင်ငံရဲ့ ယာဉ်အသွားအလာ အထူထပ်ဆုံး လမ်းမကြီးပေါ်မှာ မေလ ၂ ရက်နေ့ မနက် အစောပိုင်းက စုစုပေါင်း ၇၅၀ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ သတ္တု အစအနတွေ ပြန့်ကြဲပြီး ကျကျန်နေခဲ့တာ ဖြစ်ပါတယ်။

ဆစ်ဒနီမြို့ဆီ ဦးတည်ထားတဲ့ M1 Pacific အဝေးပြေး လမ်းမကြီးပေါ်မှာ အဲဒီပြဿနာ ကြုံခဲ့တဲ့နောက် ယာဉ်ထိန်းရဲဌာနဟာ အဝေးပြေး လမ်းမကြီးရဲ့ ရှည်လျားတဲ့ အစိတ်အပိုင်းကို ၁၀ နာရီလောက်ကြာအောင် ပိတ်ထားပြီး ရှင်းလင်းရေးတွေ လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကားအစီး ၃၀၀ လောက်က ဘီးပေါက်ခဲ့ကြပြီးပြီလို့ ဆိုပါတယ်။

ထရပ်ကား ယာဉ်မောင်းဟာ နောက်ဖက် ကုန်လှောင်ခန်းထဲက သတ္တုအစအနတွေ တဖြည်းဖြည်း ပြုတ်ကျနေတယ် ဆိုတာကို ကီလိုမီတာ ၃၀ လောက် ခရီးပေါက်ပြီးမှ သတိထားမိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကားဘီးတွေပေါက်ပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကူညီဖို့ ရောက်လာတဲ့ တချို့ အရေးပေါ်ယာဉ်တွေပါ သတ္တုစတွေပေါ် ဖြတ်မောင်းမိပြီး ဘီးတွေ ပေါက်ကုန်တယ်လို့ သိရပါတယ်။

ထရပ်ကားကို ပိုင်ဆိုင်တဲ့ NJ Ashton ကုမ္ပဏီက ဒီပြဿနာအတွက် တောင်းပန်ခဲ့သလို ရှင်းလင်းရေးတွေမှာ အကူအညီ ပေးပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ အာဏာပိုင်တွေဟာ သံတိုသံစတွေကို ရှင်းလင်းဖို့အတွက် အားကောင်းတဲ့ သံလိုက်တွေကို အသုံးပြုခဲ့ရပါတယ်။

အဲဒီကိစ္စမျိုးက လမ်းပေါ်တက်ပြီး တံမျက်စည်း လှည်းရုံလောက်နဲ့ ရှင်းလင်းသွားနိုင်တာ မဟုတ်ကြောင်း၊ ဒါကြောင့် သံလိုက် ကိရိယာ တချို့ကို အသုံးပြုခဲ့ရပြီး အချိန်လည်း အတော်ယူခဲ့ရကြောင်း အဝေးပြေးလမ်း ယာဉ်ထိန်းရဲဌာန ကော်မရှင်နာ ဟောင်းဝပ် ကောလင်းစ်က ဆိုပါတယ်။

နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဂျန်နီ အတ်ချီဆန်က ဒါဟာ မျှော်လင့်မထားတဲ့ ကြုံတောင့်ကြုံခဲ အခြေအနေ တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြည်နယ် အစိုးရ အနေနဲ့ ရနိုင်သမျှ အရင်းအမြစ်တွေကို သုံးပြီး ရှင်းလင်းရေး လုပ်ခဲ့ကြောင်း၊ ဒါပေမဲ့ အစအနတွေက ရှည်လျားတဲ့ လမ်းတလျှောက် ပျံ့နှံ့နေခဲ့တာဖြစ်ကြောင်း သူက ပြောပြပါတယ်။

ရဲတွေက အသက် ၄၆ နှစ်အရွယ် ထရပ်ကား ယာဉ်မောင်းဟာ စုံစမ်းမေးမြန်းမှုတွေမှာ ထဲထဲဝင်ဝင် ပူးပေါင်းပေးခဲ့ကြောင်း အတည်ပြုသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

နိုင်ငံတကာ

ဩစတြေးလျ နိုင်ငံမှာ ရှားပါးလှတဲ့ အခြေအနေတစ်ခုအဖြစ် ရုပ်ချင်းအရမ်းတူတဲ့ လေးမြွှာပူး သမီးလေးတွေ ဖွားမြင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဩစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပွဲဦးထွက်ပြသခဲ့တဲ့ တော်လှန်ရုပ်ရှင် RAY ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တယ်လို့ သွားရောက်ကြည့်ရှူသူတွေကပြောပါတယ်။