Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်မွှေ့လယ်ရွာတွင် စစ်ကောင်စီတပ်က လမ်းဘေးနေအိမ်များကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါ-ကလေး ကားလမ်းရှိ မွှေ့လယ်ရွာ လမ်းဘေးအနီးတ၀ိုက် အဆောက်အဦ ၁၅လုံး မီးရှို့ဖျက်ဆီးခဲ့ ရာ လူနေအိမ် ၅လုံး၊ ကြက်ခြံ နှစ်ခြံ နှင့် နွားစာတိုက် ၁လုံး ပြာကျပျက်စီးခဲ့ပြီး ကျန်အဆောက်အဦများမှာ အနည်းငယ်သာ မီးလောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာရှိ လမ်းဘေးနေအိမ်များကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၇ရက်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံက ပြောသည်။

ဂန့်ဂေါ-ကလေး ကားလမ်းရှိ မွှေ့လယ်ရွာ လမ်းဘေးအနီးတ၀ိုက် အဆောက်အဦ ၁၅လုံး မီးရှို့ဖျက်ဆီးခဲ့ ရာ လူနေအိမ် ၅လုံး၊ ကြက်ခြံ နှစ်ခြံ နှင့် နွားစာတိုက် ၁လုံး ပြာကျပျက်စီးခဲ့ပြီး ကျန်အဆောက်အဦများမှာ အနည်းငယ်သာ မီးလောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ရက် နေ့လည်ပိုင်းကလည်း အဆိုပါလမ်းရှိ နှမ်းခါးရွာသို့ ဝင်ရောက်ပြီး နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရဲလှရွာ လမ်းခွဲရှိ အိမ်တစ်အိမ်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလကလည်း အဆိုပါ လမ်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး နှမ်းခါး၊ မြင်သား ရွာများ၌ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို တိုက်ခိုက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ နှမ်းခါးရွာကို စစ်ကောင်စီတပ်က ၃ကြိမ် မီးရှို့ခဲ့ရာ နေအိမ် ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။