Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂန့်ဂေါနယ်မွှေ့လယ်ရွာတွင် စစ်ကောင်စီတပ်က လမ်းဘေးနေအိမ်များကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါ-ကလေး ကားလမ်းရှိ မွှေ့လယ်ရွာ လမ်းဘေးအနီးတ၀ိုက် အဆောက်အဦ ၁၅လုံး မီးရှို့ဖျက်ဆီးခဲ့ ရာ လူနေအိမ် ၅လုံး၊ ကြက်ခြံ နှစ်ခြံ နှင့် နွားစာတိုက် ၁လုံး ပြာကျပျက်စီးခဲ့ပြီး ကျန်အဆောက်အဦများမှာ အနည်းငယ်သာ မီးလောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာရှိ လမ်းဘေးနေအိမ်များကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၇ရက်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံက ပြောသည်။

ဂန့်ဂေါ-ကလေး ကားလမ်းရှိ မွှေ့လယ်ရွာ လမ်းဘေးအနီးတ၀ိုက် အဆောက်အဦ ၁၅လုံး မီးရှို့ဖျက်ဆီးခဲ့ ရာ လူနေအိမ် ၅လုံး၊ ကြက်ခြံ နှစ်ခြံ နှင့် နွားစာတိုက် ၁လုံး ပြာကျပျက်စီးခဲ့ပြီး ကျန်အဆောက်အဦများမှာ အနည်းငယ်သာ မီးလောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ရက် နေ့လည်ပိုင်းကလည်း အဆိုပါလမ်းရှိ နှမ်းခါးရွာသို့ ဝင်ရောက်ပြီး နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရဲလှရွာ လမ်းခွဲရှိ အိမ်တစ်အိမ်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလကလည်း အဆိုပါ လမ်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး နှမ်းခါး၊ မြင်သား ရွာများ၌ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို တိုက်ခိုက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ နှမ်းခါးရွာကို စစ်ကောင်စီတပ်က ၃ကြိမ် မီးရှို့ခဲ့ရာ နေအိမ် ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။