Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ​မိုးကုတ်မြို့အပါအဝင် ​ဒေသအများအပြားကို ဗုံးပတ်ကြဲ

စစ်ကောင်စီတပ်သည် ယမန်နေ့(​မေ-၃)ညနေမှ ညပိုင်းအထိ မန္တလေး၊ စစ်ကိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အနည်းဆုံး ၉ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အချို့အပါအဝင်အရပ်သားသေဆုံးမှုများရှိခဲ့သည်။

မိုးကုတ်မြို့ အနောက်ပိုင်းဆင်ခွါကျေးရွာ တောင်ပေါ်ကျောင်းအား စစ်​ကောင်စီကမေ ၃ရက်ညတွင် ​ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

​မေ-၄၊၂၀၂၅။ကဖေး/People’s Spring

စစ်ကောင်စီတပ်သည် ယမန်နေ့(​မေ-၃)ညနေမှ ညပိုင်းအထိ မန္တလေး၊ စစ်ကိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အနည်းဆုံး ၉ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အချို့အပါအဝင်အရပ်သားသေဆုံးမှုများရှိခဲ့သည်။

“တောက်လျှောက်ကြဲတာဗျ။မြို့တွေကအရပ်သားနေထိုင်ရာနေရာတွေကို ကြဲတာ။ သေဆုံးတာတွေ ရှိနေပြီး နောက်ထပ်လေကြောင်းသတင်းတွေကြောင့် ဒဏ်ရာရတွေ၊သေဆုံးသူတွေရဲ့အခြေအနေကို မသိနိုင်သေးဘူးဗျ”ဟုမန္တလေးတိုင်း၊သပိတ်ကျင်းမြို့မှ ကာကွယ်ရေးရဲ‌ဘော်တစ်ဦးကပြောသည်။

​မေ ၄ ရက်နံနက် ၇နာရီအထိရရှိထားသောသတင်းများအရ စစ်ကောင်စီတပ်က မန္တလေးတိုင်အတွင်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ စစ်ကိုင်းတိုင်းမှ ကောလင်း၊ မကွေးတိုင်းမှ စလင်း၊ ထီးလင်း၊ ရှမ်းပြည်နယ်မှ နောင်ချို၊ကချင်ပြည်နယ်မှ ဖားကန့်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့‌ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

​မေ ၃ ရက်​နေ့ ည ၉ နာရီ ၄၈ မိနစ်တွင်မိုးကုတ်မြို့အားစစ်​ကောင်စီက ထပ်မံဗုံးကြဲခဲ့သည်။ မိုးကုတ်မြို့အနောက်ပိုင်းဆင်ခွာရွာဘုန်းကြီးကျောင်းကိုထိမှန်ခဲ့သည်။ကနဦးရရှိ​သောသတင်းအရအဆိုပါ ဗုံးကြဲမှုတွင် လူထိခိုက်​သေဆုံးမှု မရှိ​ပေ။

“စစ်ကောင်စီက မစားရတဲ့အမဲ သဲနဲ့ပက်နေပြီ။ကြဲလိုက်ရင် အရပ်သားနေရာချည်းပဲ”ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့နှင့် ​နောင်ချို ၊မိုးမိတ် ၊သီ​ပေါ ၊​​ကျောက်မဲမြို့တို့သည် စစ်​ကောင်စီကတရုတ်အကူအညီဖြင့် TNLA ကိုဖိအား​ပေးပြီး ပြန်​တောင်းနေ​သောမြို့များဖြစ်သည်။ ဧပြီ လကုန် ကူမင်းအစည်းအ​ဝေးတွင် စစ်​ကောင်စီက အဆိုပါ မြို့ ၅ မြို့အား​တောင်းဆို​မှု အ​ပေါ် TNLA က သ​ဘောမတူခဲ့​ကြောင်းသတင်းထုတ်ပြန် ပြီး​နောက် စစ်​ကောင်စီက မိုးကုတ်မြို့ကိုဆက်တိုက်ဗုံးကြဲ​နေသည်။ စစ်​ကောင်ဝီဝါဒဖြန့် တယ်လီဂရန့်နှင့် စစ်တပ်​ထောက်ခံ​သော ​ဖေစ်ဘွခ်​ အ​ကောင့်များက ဗုံးကြဲခြင်းမှာ မြို့သိမ်း​အောင်ပွဲရ ရဲ​ဘော်များကိုသ​ပြေပန်းဖြင့်ကြိုဆို၍ ၊ ​တော်လှန်​ရေးအဖွဲ့များနှင့်ပက်သက်​သော​ကြောင့် စသဖြင့်​ရေးသားဝါဒဖြန့်​နေကြသည်။

မိုးကုတ်မြို့ အနောက်ပိုင်းဆင်ခွါကျေးရွာ တောင်ပေါ်ကျောင်းအား စစ်​ကောင်စီကမေ ၃ရက်ညတွင် ​ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

စစ်ကိုင်းတိုင်း ၊ကောလင်းမြို့နယ်တွင်လည် ​မေ၃ ရက်ညတွင် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးနှင့်ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ်၂ တပ်ရင်း သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်မှဝါးဘိုးကုန်းရွာ၊ ကောလင်းမြို့နယ်မှ ချောင်းနားဆေးရုံ နှင့်ဥက္ကံစာသင်ကျောင်းအနီး လေကြောင်းတိုက်ခိုက်မှုတို့တွင် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဗုံးကြဲသည့်မြို့နယ်များအနက်ဖားကန့်မြို့နှင့်နောင်ချိုမြို့၌သာ တိုက်ပွဲဖြစ်နေပြီး ကျန်ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။ ဗုံးကြဲရာတွင် Y12နှင့် ဂျက်ဖိုက်တာကို အဓိက အသုံးပြုခဲ့သည်။ စလင်းမြို့အား ဗုံးကြဲတိုက်ခိုက်မှု၌ Y12လေယာဉ်ဖြင့် နာရီဝက်ခန့်အတွင်း ဗုံး၆၀ ကျော်ကြဲချသွားကြောင်း ဒေသခံများကပြောသည်။

ဗုံးကြဲမှုကြောင့် ထိခိုက်မှုများအား အသေးစိတ်မသိရှိရသေးပေ။စစ်ကောင်စီသည် အရပ်သားပြည်သူများအားဦးတည်၍ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်‌ နေသောကြောင့် လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုကြရန် ​တော်လှန်​ရေးတပ်ဖွဲ့များက သတိပေးနေကြသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းများ၊ ဗုံးကြဲသည့်လေယာဉ်မှူးများ၏ကိုယ်ရေးအချက်အလက်များအား အသေးစိတ်စိစစ်ရယူထားသလို အဆိုပါအချက်အလက်များရရှိရေးအတွက် အရပ်ဖက်အဖွဲ့စည်းများကလည်း အကူအညီပေးကြရန် အညာဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက အကူအညီတောင်းထားသည်။

(မိုးကုတ်မြို့ အနောက်ပိုင်းဆင်ခွါကျေးရွာ တောင်ပေါ်ကျောင်းအား စစ်​ကောင်စီကမေ ၃ရက်ညတွင် ​ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို