Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စကခ(၂၁)ဌာနချုပ်၊ ခလရ(၄၇)၊ဆေး၊ထောက်ပို့နှင့် အင်ဂျင်နီယာတပ်များကို KIA အပြင်းအထန်တိုက်ခိုက်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က အပြင်းအထန် တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်တပတ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း မီးလောင်နေသော နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️ဖားကန့်လမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီပူးပေါင်းတပ် အထိနာ

▪️စစ်ကောင်စီ၊ မင်းဇေသန့်ပြည်သူ့စစ်၊ ဒူးလေးပြည်သူ့စစ်နှင့် SNAတို့က ပြည်သူ့နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး

မေ ၅၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က အပြင်းအထန် တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်တပတ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIOထိန်းချုပ်နယ်မြေ၌ တပတ်အတွင်း စစ်ရေး အခြေအနေများကို မေလ ၄ရက်ညပိုင်းက စုစည်းဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

KIAပူးပေါင်းတပ်သည် ဧပြီ ၂၅ရက်တွင် ဗန်းမော်မြို့၌ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၄ရက်အထိ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်းအထန် ခုခံနေသည်ဟု ဆိုသည်။

အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ်(၄၇)ခြေလျင်တပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်နှင့် အင်ဂျင်နီယာတပ်ရင်းများ၌ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေသည်ဟု KIAက အသိပေးသည်။

ထို့ပြင် ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ (၉) တပ်ရင်း(၂၆)၊ တပ်ရင်း(၄၄) နယ်မြေများ၌ ဧပြီ ၂၂ရက်ကစ၍ စစ်ကောင်စီနှင့် SNA ပြည်သူ့စစ်အဖွဲ့က မြေပြင်ထိုးစစ်သာမက လေကြောင်းဖြင့်ပါ ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ဟု ဖော်ပြသည်။

မေလ ၁ရက်တွင် နန့်ယားချောင်းရွာအနီးတိုက်ပွဲပြင်းထန်ခဲ့ရာ ကားမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးဖြင့်ပစ်ကူခဲ့ကြောင်း ၊ နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုရှိပြီး စစ်ကောင်စီတပ်ဘက်က အသက်ဆုံးရှုံးမှုများပြားနေကြောင်း အသိပေးသည်။

မေလ ၁ရက် ညနေကလည်း ဖားကန့်မြို့နယ် လဝါးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၂ရက်တွင် လဝါးရွာအနီး ဆုတောင်းတောင်၌ရှိနေသည့် မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်နေရာကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်၊ လီဆူးဒူးလေးပြည်သူ့စစ်၊ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က လဝါး ၊ခွန်ဆိုင် ယန်ရွာရှိ နေအိမ်များ မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ကျော်ရှိနေပြီဟု ဒေသခံများ၏ ပြောကြားချက်ကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ကားမိုင်းမြို့ရှိ စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်ဖြင့် မေလ ၁ရက်နံနက်တွင် ထိုးစစ်ဆင်လာ၍ KIAက ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကားမိုင်းနှင့် ဖားကန့် ကားလမ်းကို နှစ်ဖက်က ပိတ်ထားကြောင်း အသိပေးသည်။

အင်းတော်ကြီးဒေသ၊ ဆွမ်ပရာဘွမ်လမ်းပိုင်း မြစ်ဆုံဒေသတို့တွင်လည်း တိုက်ပွဲများရှိနေကြောင်း KIAက သတင်းဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။