Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မမှန်သူ တစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ သေနတ်ကိုင်ပြီး ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မူမမှန်သူ တစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ သေနတ်ကိုင်ပြီး ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မူမမှန်သူ တစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

စိတ်မူမမှန်ကြောင်း ထင်ထင်ရှားရှား လက္ခဏာ ပြသနေတဲ့ အမျိုးသားဟာ တက်ခ်ပြည်နယ်၊ မယ်ရမတ်ခရိုင်ထဲမှာ မေလ ၆ ရက် မနက်အစောပိုင်းတုန်းက ရိုင်ဖယ် သေနတ်ကိုကိုင်ပြီး ပစ်ကပ်ကား တစ်စီးပေါ်ကနေ ဆင်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သေနတ်ကို ပရမ်းပတာနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ ထိုင်းရဲ့ Khaosod သတင်းဌာနက မေလ ၆ ရက် မနက်ပိုင်းမှာ အဲဒီ အမျိုးသားဟာ မဲဆောက်မြို့မှာ ရဲတွေဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ပစ်ခတ်မှု ကျူးလွန်သူဟာ စိတ်ပေါ့သွပ် ရူးနှမ်းနေတယ်ဆိုတာ ထင်ရှားကြောင်း Khaosodက ဖော်ပြထားပေမယ့် သူ့ကို ဘယ်လိုဖမ်းမိခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် ရေးသားမထားခဲ့ပါဘူး။ ဒါပေမဲ့ ကျူးလွန်သူကို ဆေးရုံပို့ထားတယ်လို့တော့ Khaosodက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး စိတ်မမှန်သူ တစ်ယောက်ရဲ့ လက်ထဲ သေနတ်ဘယ်လို ရောက်နေသလဲ ဆိုတာကိုလည်း လောလောဆယ် မသိရသေးပါဘူး။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

မြန်မာကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTV က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။