Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မမှန်သူ တစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ သေနတ်ကိုင်ပြီး ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မူမမှန်သူ တစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ သေနတ်ကိုင်ပြီး ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တဲ့ စိတ်မူမမှန်သူ တစ်ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

စိတ်မူမမှန်ကြောင်း ထင်ထင်ရှားရှား လက္ခဏာ ပြသနေတဲ့ အမျိုးသားဟာ တက်ခ်ပြည်နယ်၊ မယ်ရမတ်ခရိုင်ထဲမှာ မေလ ၆ ရက် မနက်အစောပိုင်းတုန်းက ရိုင်ဖယ် သေနတ်ကိုကိုင်ပြီး ပစ်ကပ်ကား တစ်စီးပေါ်ကနေ ဆင်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သေနတ်ကို ပရမ်းပတာနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ ထိုင်းရဲ့ Khaosod သတင်းဌာနက မေလ ၆ ရက် မနက်ပိုင်းမှာ အဲဒီ အမျိုးသားဟာ မဲဆောက်မြို့မှာ ရဲတွေဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ပစ်ခတ်မှု ကျူးလွန်သူဟာ စိတ်ပေါ့သွပ် ရူးနှမ်းနေတယ်ဆိုတာ ထင်ရှားကြောင်း Khaosodက ဖော်ပြထားပေမယ့် သူ့ကို ဘယ်လိုဖမ်းမိခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် ရေးသားမထားခဲ့ပါဘူး။ ဒါပေမဲ့ ကျူးလွန်သူကို ဆေးရုံပို့ထားတယ်လို့တော့ Khaosodက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး စိတ်မမှန်သူ တစ်ယောက်ရဲ့ လက်ထဲ သေနတ်ဘယ်လို ရောက်နေသလဲ ဆိုတာကိုလည်း လောလောဆယ် မသိရသေးပါဘူး။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။