Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် သိန်းခွန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး KNLAထံ အလင်းဝင်

တနင်္သာရီတိုင်း ၊ တနင်္သာရီမြိုနယ်၊ သိန်ခွန်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိအခိုက်များပြားပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် စစ်ကောင်စီတပ်သား ၁၂ဦး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်သည်။

မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းမှ ရဲဘော်တစ်ဦး တိုက်ပွဲတခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း

နယ်စပ်လမ်းပိုင်းပြန်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ထိခိုက်မှုများဟု PDF မြိတ်ခရိုင် တပ်ရင်း(၂) အသိပေး

မေဂ၊၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း ၊ တနင်္သာရီမြိုနယ်၊ သိန်ခွန်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိအခိုက်များပြားပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် စစ်ကောင်စီတပ်သား ၁၂ဦး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သိန်းခွန်ဒေသ တိုက်ပွဲမှာ ၅လခန့်ကြာပြီဖြစ်ပြီးထိတွေ့တိုက်ပွဲ အကြိမ်ရေ ၁၀၀ကျော်ရှိကာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် သေဆုံးထိခိုက်သူ ၁၅၀ခန့်ရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနေ့စဉ်နီးပါးဆက်ဖြစ်နေပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုအနည်းငယ်ရှိကြောင်းလည်း အသိပေးသည်။

” သူတို့က နယ်စပ်လမ်းကို ပြန်လိုချင်လို့စစ်ကြောင်းထိုးတာပါ။ အထိအခိုက်များလည်း စစ်ကူထပ်ပို့တယ်။ လေကြောင်းက အမြဲရှိပါတယ်”ဟု မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းတာဝန်ရှိသူက စစ်ကောင်စီ၏ တနင်္သာရီ -မော့တောင် နယ်စပ်လမ်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာမှု အခြေအနေအပေါ် ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း ရန်သူတပ်ဘက်မှ တပ်သား ၁၂ဦး KNLA တပ်ရင်း(၁၁)ထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်သည်။

အဆိုပါ တပ်သားအများစုမှာ ထိုင်းဘက်မှမြန်မာနိုင်ငံသိုပြန်ပိုစဥ်အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရသူများဖြစ်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်သားများ အစုအဖွဲ့လိုက်အလင်းဝင်လာခြင်းဖြစ်ကြောင်းမြိတ်ခရိုင်တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ကျန်နေသည့် စစ်ကောင်စီတပ်သားများ အနေဖြင့်လည်း အလင်းဝင်လာခြင်းအားဖြင့်မိမိဆန္ဒရှိရာ လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း ဟု ၎င်းက ဆိုသည်။
‎
အဆိုပါတိုက်ပွဲအတွင်း PDF၊ KNLA ၊ KTLA၊ပကဖ ပူးပေါင်းတပ်များ က စစ်ကောင်စီကို ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အသိပေးသည်။

တနင်္သာရီမြိုနယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံပြည် သူများ၊ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ထားပြီး ပြည်သူများ လုံခြုံရေးကိုရှေးရှုရန် မေတ္တာရပ်ခံထားသည်။

” အသွားအလာ ဂရုစိုက်ပြီးတော်လှန်ရေးတပ်တွေကို နိုင်တဲ့ဘက်ကကူပေးဖိုပါ”ဟုလည်း မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်က စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းအနီး ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

Facebook