Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်မှာ အနှိပ်ခန်းဖွင့်ထားမှု ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကံပျိုကျေးရွာမှာ အနှိပ်ခန်းတွေဖွင့်လှစ်ထားမှုကို အလိုမရှ်ိကြောင်းဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - CJ

မေ ၉ ၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကံပျိုကျေးရွာမှာ အနှိပ်ခန်းတွေဖွင့်လှစ်ထားမှုကို အလိုမရှ်ိကြောင်းဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

မေလ ၅ရက်နေ့က ဆန္ဒပြကန့်ကွက်ခဲ့တာဖြစ်ပြီး အဲဒီကျေးရွာမှာ အနှိပ်ခန်းဆိုင် သုံးဆိုင်ရှိတယ်လို့ သိရပါတယ်။

အနှိပ်ခန်းတွေဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာအတွင်းက စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတို့နဲ့ နီးနေတာမို့ ဒေသခံ တွေက ကန့်ကွက်ဆန္ဒပြကြတာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖွင့်တာ တော့ကြာပါပြီ။အရင်အစိုးရတွေ လက်ထပ်ကတည်းက ဖွင့်တာပါ။အဲဒီတုန်းကလည်း မဖွင့်ဖို့ တောင်းဆိုခဲ့ကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအနှိပ်ခန်းတွေဖွင့်ထားတာဟာ ဆယ်စုနှစ်တစ်ခုအထိရှိခဲ့ပြီး ဒေသခံတွေကလည်း ဒါကို အရင်ကတည်းက ကန့်ကွက်ကြောင်း တောင်းဆိုလာကြတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။