Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့ရှိ နယ်မြေရဲစခန်း PDF ဝင်ရောက်တိုက်ခိုက်၊ ဒုရဲအုပ်အပါအဝင် နှစ်ဦးသေဟု မြိတ်ခရိုင် ရင်း(၁) ပြော

တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်၊ တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းတိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်နှင့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း (၁)

မေ ၉၊ ၂၀၂၅။ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်၊ တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းတိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်နှင့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ – မြိတ်ခရိုင် တပ်ရင်း (၁)

ယနေ့(မေလ ၉ ရက်)နံနက် ၆နာရီခွဲခန့်က တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းကို မိနစ် ၃၀ခန့်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံး၍ ခြောက်ဦးထက်မနည်းဒဏ်ရာရသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

“အဓိကအားဖြင့် အချုပ်သားတွေ ထားတဲ့နေရာပါ။ သူက ပုလောမြို့အဝင်မှာ ရှိတာခင်ဗျ။ အင်အား ၂၀ ဝန်းကျင်ပါ”ဟု စစ်ကောင်စီရဲစခန်းအခြေအနေကို မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ချိန်တွင် အဆိုပါ တောင်ယာကမ်းရဲစခန်း၌ ဖမ်းဆီးအချုပ်ချခံထားရသည့် အချုပ်သားများ ရှိ၊မရှိကို မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။

ပုလောမြို့အဝင်မှ တောင်ယာကမ်းနယ်မြေရဲစခန်းတိုက်ခိုက်မှုတွင် G3 အမျိုးအစားသေနတ်တစ်လက်၊ ခဲယမ်းများ၊ ခက်ကိုင်ဖုန်းနှစ်လုံးနှင့် ရဲအသုံးအဆောင်ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

“စစ်ဆင်ရေးအရ မူလကတည်းက ရဲစခန်းကို သိမ်းပိုက်ထိန်းချုပ်ဖို့အထိ အစီအစဉ်မရှိခဲ့ဘူး။ အခြေအနေအရလည်း အကျိုးအမြတ်ရနေပြီဆိုတော့ ပြန်ဆုတ်လိုက်တာပါဗျ”ဟု နာရီဝက်ကြာတိုက်ခိုက်ပြီးနောက် တပ်ဆုတ်ခဲ့ပုံကို တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

တော်လှန်ရေးတပ်ဖွဲ့များ တပ်ပြန်ဆုတ်ပြီးချိန်တွင် ပုလောမြို့နယ် ခမရ(၂၈၅)တပ်ရင်းမှ စပူပြင်ကျေးရွာဘက်သို့ လက်နက်ကြီး ၁၅ လုံးခန့်ပစ်ခတ်ခဲ့သည့်အပြင် အောက်ပေါင်းကျေးရွာမှ ပြည်သူ ငါးဦးကိုလည်း ဖမ်းဆီးသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)နှင့် ဒေသခံများက ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းအား ပြီးခဲ့သည့် ဧပြီ ၁၉ရက် နှင့် ထီးခီးဗျူဟာစခန်းအား ယနေ့(မေ ၉ရက်) နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်ဟု KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။