Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့ရှိ နယ်မြေရဲစခန်း PDF ဝင်ရောက်တိုက်ခိုက်၊ ဒုရဲအုပ်အပါအဝင် နှစ်ဦးသေဟု မြိတ်ခရိုင် ရင်း(၁) ပြော

တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်၊ တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းတိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်နှင့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း (၁)

မေ ၉၊ ၂၀၂၅။ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်၊ တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းတိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်နှင့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ – မြိတ်ခရိုင် တပ်ရင်း (၁)

ယနေ့(မေလ ၉ ရက်)နံနက် ၆နာရီခွဲခန့်က တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းကို မိနစ် ၃၀ခန့်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံး၍ ခြောက်ဦးထက်မနည်းဒဏ်ရာရသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

“အဓိကအားဖြင့် အချုပ်သားတွေ ထားတဲ့နေရာပါ။ သူက ပုလောမြို့အဝင်မှာ ရှိတာခင်ဗျ။ အင်အား ၂၀ ဝန်းကျင်ပါ”ဟု စစ်ကောင်စီရဲစခန်းအခြေအနေကို မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ချိန်တွင် အဆိုပါ တောင်ယာကမ်းရဲစခန်း၌ ဖမ်းဆီးအချုပ်ချခံထားရသည့် အချုပ်သားများ ရှိ၊မရှိကို မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။

ပုလောမြို့အဝင်မှ တောင်ယာကမ်းနယ်မြေရဲစခန်းတိုက်ခိုက်မှုတွင် G3 အမျိုးအစားသေနတ်တစ်လက်၊ ခဲယမ်းများ၊ ခက်ကိုင်ဖုန်းနှစ်လုံးနှင့် ရဲအသုံးအဆောင်ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

“စစ်ဆင်ရေးအရ မူလကတည်းက ရဲစခန်းကို သိမ်းပိုက်ထိန်းချုပ်ဖို့အထိ အစီအစဉ်မရှိခဲ့ဘူး။ အခြေအနေအရလည်း အကျိုးအမြတ်ရနေပြီဆိုတော့ ပြန်ဆုတ်လိုက်တာပါဗျ”ဟု နာရီဝက်ကြာတိုက်ခိုက်ပြီးနောက် တပ်ဆုတ်ခဲ့ပုံကို တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

တော်လှန်ရေးတပ်ဖွဲ့များ တပ်ပြန်ဆုတ်ပြီးချိန်တွင် ပုလောမြို့နယ် ခမရ(၂၈၅)တပ်ရင်းမှ စပူပြင်ကျေးရွာဘက်သို့ လက်နက်ကြီး ၁၅ လုံးခန့်ပစ်ခတ်ခဲ့သည့်အပြင် အောက်ပေါင်းကျေးရွာမှ ပြည်သူ ငါးဦးကိုလည်း ဖမ်းဆီးသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)နှင့် ဒေသခံများက ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းအား ပြီးခဲ့သည့် ဧပြီ ၁၉ရက် နှင့် ထီးခီးဗျူဟာစခန်းအား ယနေ့(မေ ၉ရက်) နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်ဟု KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမြင့်ဝင်းအပါအဝင် လေးဦးသေဆုံးကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုက်ခိုက်ရေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောနှင့် ပလမြို့မှ စစ်ကောင်စီ၏ အဓိက လူယုံ ပျူစောထီးသုံးဦးသည် အရက်တစ်ဝိုင်းတည်းထိုင်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၅၈)တပ်ရင်းစစ်ဆေးရေးဂိတ်နှင့် ရေဖြူမြို့ရှိ စစ်ကောင်စီဗျူဟာဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

Facebook