Connect with us

Hi, what are you looking for?

သတင်း

အောင်လံမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး မြို့ပေါ်တွင်လည်း ပျူစောထီးများနှင့်အတူ ကင်းလှည့်နေ၍ ပြည်သူများအနေဖြင့် သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။

မေ ၁၀၊၂၂၀၂၅။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး မြို့ပေါ်တွင်လည်း ပျူစောထီးများနှင့်အတူ ကင်းလှည့်နေ၍ ပြည်သူများအနေဖြင့် သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။

အောင်လံမြို့နယ်၊ ရွှေပန်းတောကြီးတိုက်နယ်အတွင်း ကျေးရွာများကို မေလ ၁ရက်မှ မေလ ၇ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

” ရွှေပန်းတောကြီးတိုက်နယ်ထဲက ကန်သာယာကျေးရွာမှာ အဆိုးဆုံး ခံရတယ်။ လေကြောင်းခဏခဏ လာပစ်နေလို့ ဒေသခံတွေ မနေရဲကြဘူး။ နောက်ပြီး မြို့ထဲမှာလည်း ပျူတွေနဲ့အတူ ကင်းပတ်နေကြတယ်” ဟု အောင်လံမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က Y-12၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲနေခြင်းဖြစ်ပြီး လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရသူများရှိကာ အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းရှိမနေဘဲ တော်လှန်ရေးအင်အားစုများ ရှိနေသည်ဟုဆိုကာ စစ်ကောင်စီက ဗုံးကြဲနေခြင်းဟု ဒေသခံများက ပြောသည်။

” ညဆို မိုးချုပ်တာနဲ့ လူရှင်းသွားပြီ။ မြို့ထဲမှာ ပျူတွေကင်းလှည့်တယ်။ ရွာတွေကို စစ်တပ်က ဗုံးကြဲတယ်”ဟု အောင်လံမြို့ပေါ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောင်လံမြို့ပေါ်တွင် ယူနီဖောင်းအပြာရောင်ဝတ် ပျူစောထီးများက သေနတ်များကိုင်၍ ကင်းလှည့်နေ၍ လူငယ်များအနေဖြင့် အထူးဂရုစိုက်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။