Connect with us

Hi, what are you looking for?

သတင်း

KIO ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရားကွယ်လွန်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရားသည် ယနေ့ မေလ ၁၅ရက်မနက်တွင် ကွယ်လွန်သွားသည်။

​မေ-၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရားသည် ယနေ့ မေလ ၁၅ရက်မနက်တွင် ကွယ်လွန်သွားသည်။

အသက် ၈၇ နှဏ်အရွယ် ရှိပြီဖြစ်သော ဦးဇောင်းဟရားသည် ​မေ ၁၅ ရက်နံနက် ၇နာရီ ၁၅မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

ဦးဇောင်းဟရားသည်၂၀၁၈ခုနှစ်ဆန်းပိုင်းတွင် KIO ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နေရာ၌ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆက်ခံခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဥက္ကဋ္ဌ တာဝန်မှ အနားယူချိန်တွင် ဦးဇောင်းဟရားသည် အသက် ၈၀ခန့်ရှိပြီဖြစ်ပြီး ကျန်းမာရေးနှင့် အသက်အရွယ်အရ အနားယူခဲ့ခြင်းဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခင်က ပြောပြထားသည်။

လက်ရှိ KIO ခေါင်းဆောင်များမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လန်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်၊ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မရန်ဇော်တောင် တို့ဖြစ်သည်။

KIO/KIAသည် ၂၀၁၁ ခုနှစ်ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား လက်ထက်ကတည်းက စစ်တပ်နှင့်တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်းစစ်ကောင်စီတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းရာချီ၊ မြို့​ပေါင်း ၁၅ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကိုဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့...

သတင်း

အာဏာရှင်စနစ်ကိုဖြတ်ချရန်ပြည်သူအားလုံး၌တာဝန်ရှိပြီးမပြီးသေးသည့်တော်လှန်ရေးခရီးစဉ်များကိုအားလုံးစုစည်းညီညွတ်စွာဖြင့်ရှေ့ဆက်တိုက်ပွဲဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းလိုက်သည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)ဥက္ကဌဟောင်း ဦးဇောင်းဟရားကွယ်လွန်ခြင်းသည် KIO၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ကချင်ပြည်သူလူထုတရပ်လုံး၏ ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု အလေးအနက်ခံယူပြီး ဝမ်းနည်းစွာဖြင့် အလေးပြုဂုဏ်ပြု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်သွားခြင်းအပေါ် အာရက္ခတပ်တော် (ULA/AA)နှင့် ပအိုဝ်းတော်လှန်ရေးအင်အားစုများဖြစ်သော PNLO၊ PNFC တို့ကဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။