မေ-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရားသည် ယနေ့ မေလ ၁၅ရက်မနက်တွင် ကွယ်လွန်သွားသည်။
အသက် ၈၇ နှဏ်အရွယ် ရှိပြီဖြစ်သော ဦးဇောင်းဟရားသည် မေ ၁၅ ရက်နံနက် ၇နာရီ ၁၅မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုကချင်သတင်းရင်းမြစ်တဦးက ပြောသည်။
ဦးဇောင်းဟရားသည်၂၀၁၈ခုနှစ်ဆန်းပိုင်းတွင် KIO ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နေရာ၌ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆက်ခံခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ဥက္ကဋ္ဌ တာဝန်မှ အနားယူချိန်တွင် ဦးဇောင်းဟရားသည် အသက် ၈၀ခန့်ရှိပြီဖြစ်ပြီး ကျန်းမာရေးနှင့် အသက်အရွယ်အရ အနားယူခဲ့ခြင်းဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခင်က ပြောပြထားသည်။
လက်ရှိ KIO ခေါင်းဆောင်များမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လန်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်၊ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မရန်ဇော်တောင် တို့ဖြစ်သည်။
KIO/KIAသည် ၂၀၁၁ ခုနှစ်ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား လက်ထက်ကတည်းက စစ်တပ်နှင့်တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်းစစ်ကောင်စီတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းရာချီ၊ မြို့ပေါင်း ၁၅ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကိုဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။


















































