Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်း တောင်ငူလမ်းပိုင်းအနီး နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

ရန်ကုန် − မန္တလေး အမြန်လမ်းတနေရာတွင် ၂၀၂၄ ဒီဇင်ဘာလပိုင်းက တိုက်ပွဲဖြစ်ပွား၍ တွေ့ရသော PDF ရဲဘော်တစ်ဦး။ ဓာတ်ပုံ − CJ

မေ ၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

အမြန်လမ်း (၁၇၄)မိုင်နှင့် စပါးကြွယ်ကျေးရွာအနီးတွင် မေလ ၂၃ရက်နံနက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါနေရာဝန်းကျင်ရှိ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ ငုံးမင်းကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

” စပါးကြွယ်ဆိုတာ ရွာကြီး။ အဲ့ရွာကို အခုစစ်တပ်က မီးရှို့လိုက်ပြီ။ ဒေသခံတွေ အကုန်ထွက်ပြေးနေရတယ်။တိုက်ပွဲက ရွာနဲ့ ခပ်လှမ်းလှမ်းမှာဖြစ်တာပါ”ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် တောင်ငူမြို့အနောက်ဘက် အမြန်လမ်းအနီး ဓာတ်အားခွဲရုံနှင့်လည်းနီးပြီး ယနေ့(မေလ ၂၄ရက်) မွန်းလွဲ၂နာရီခန့်အထိ လက်နက်ကြီးပစ်ခတ်သံများကြားနေရသည်ဟု ‌တောင်ငူမြို့ပေါ်မှ သတင်းရင်းမြစ်က ဆိုသည်။ စစ်ကောင်စီတပ်သည် အမြန်လမ်းမကြီးအနီး ကန်ပေါက်ကြီးကျေးရွာမှ အမြောက်ကား သုံးစီးဖြင့် ပစ်ကူပေးနေပြီး ဂျက်ဖိုက်တာဖြင့်လည်း ဗုံးကြဲနေကြောင်း သတင်းရရှိသည်။

” အခုတင် တောင်ငူလေးတပ်ကနေ ဂျက်ဖိုက်တာတက်သွားပြန်ပြီ”ဟု တောင်ငူမြို့ခံတစ်ဦးက မွန်းလွဲ ၂နာရီခန့်တွင် ပြောသည်။

စပါးကြွယ်ကျေးရွာမီးလောင်နေသည့်အခြေအနေကို ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ နေအိမ်များ မီးကူးစက်နေကြောင်း၊ နေ့လယ် ၁နာရီခန့်ကစ၍ မိုးရွာနေပြီး လေပြင်းတိုက်ခတ်နေကြောင်း ဒေသခံများကပြောသည်။

” တိုက်ပွဲဖြစ်နေတဲ့ရွာတွေက အမြန်လမ်းနဲ့ ၅မိုင်ခန့်ဝေးတယ်။ အခုထက်ထိတော့ လမ်းကသွားလို့ရနေသေးတယ်”ဟု အမြန်လမ်းအသုံးပြုသည့် ခရီးသတင်းယာဥ်မောင်းတစ်ဦးက ပြောသည်။

လက်တလော ပဲခူးတိုင်းအတွင်း တောင်ငူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသလို ကျောက်ကြီး၊ရွှေကျင်၊ နတ္တလင်း၊ မင်းလှမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။