Connect with us

Hi, what are you looking for?

သတင်း

အုပ်ချုပ်ရေးမှူးသတ်မှုဖြင့်ဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရသည့်တပ်သားက KNLAထံ အလင်းဝင်လာ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် သမန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး သတ်ပြီးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံရပြီးနောက် စစ်သားသစ်အဖြစ် စုဆောင်းခံရသည့် တပ်သားသစ် ကိုခန့်ဝင်းနိုင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

ဓာတ်ပုံ − ထွက်ပြေးအလင်းဝင်လာသည့် တပ်သား ကိုခန့်ဝင်းနိုင်

မေ ၂၄၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် သမန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး သတ်ပြီးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံရပြီးနောက် စစ်သားသစ်အဖြစ် စုဆောင်းခံရသည့် တပ်သားသစ် ကိုခန့်ဝင်းနိုင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ KNLA ပူးပေါင်းထံ အလင်းဝင်ရောက်လာမှု အကြောင်းအရင်း ထွက်ဆိုချက် ရုပ်သံကို KNLA ဌာနချုပ်က ယနေ့ (မေလ ၂၄ရက်)ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သား ကိုခန့်ဝင်းနိုင်က ၎င်း၏ စစ်ကောင်စီတပ်သို့ ရောက်ရှိလာရမှု အခြေအနေကို ပြောသည်။

“အုပ်ကြီးကို သတ်ရတဲ့အကြောင်းအရင်းက ကျနော်တို့ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် သမန်းကုန်းကျေးရွာမှာ တအိမ်တက်ဆင်း ပိုက်ဆံတွေလိုက်ပြီးတော့ စစ်ကောင်စီထဲကို မဝင်ချင်လို့ရှိရင် တစ်အိမ်ကို နှစ်သောင်းခွဲ၊ သုံးသောင်းတွေ လိုက်ကောက်နေတဲ့ အချိန်မှာ လုံး၀ အဆင်မပြေတဲ့နောက်ဆုံး မှာ သူ့ကို သတ်ပစ်ခဲ့ရတာပါ”ဟု ကိုခန့်ဝင်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်စဉ် ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်း၌ အဖမ်းခံခဲ့ရပြီးနောက် နေပြည်တော်သို့ ပို့ဆောင်ခံရကြောင်း၊ ထို့နောက် မကွေးတိုင်းမှတဆင့် ဟိုပုံးသင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း ပြောသည်။

“ဟိုပုံး သင်တန်းကျောင်းပြီးသွားတဲ့အခါမှာ တီကျစ် ၅၁၁ တပ်ရင်းကို ပို့ခဲ့ပါတယ်။ ၅၁၁ တပ်ရင်းမှာ ၁၀ရက်လောက်နေခဲ့ပြီးတော့ ကျနော်တို့ ရှေ့တန်းကို ထွက်လာခဲ့ပါတယ်။ အောင်ဇေယျ စစ်ကြောင်းထဲကို ပို့ခဲ့တာပါ။” ဟု ကိုခန့်ဝင်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်သည် ကလိမ်ကကျစ်တပ်ဖြစ်ပြီး စစ်ကောင်စီတပ်များအနေဖြင့် နေ့စဉ်ကလိန်ကကျစ် ဉာဏ်များဖြင့် ကြံစည်နေသည်ဟု ၎င်းက ပြောသည်။

” ဒီကောင်တွေမှာ တိုက်ဖို့ အစီအစဉ်မရှိဘူး ကြောက်ရွံ့နေတာပဲရှိတယ်။ ဘာတွေဝါဒဖြန့်ထားလဲဆို မင်းတို့ တော်လှန်ရေးအဖွဲ့ထဲ မပူးပေါင်းနဲ့ မသွားနဲ့။ တော်လှန်ရေးအဖွဲ့ထဲ သွားလိို့ရှိရင် မင်းတို့ကို သတ်ပစ်လိမ့်မယ်”ဟု စစ်ကောင်စီတပ်က ရဲဘော်သစ်များ တော်လှန်ရေးတပ်များထံ မသွားရောက်စေရေး လိမ်ညာ ဝါဒဖြန့်ထားမှု အခြေအနေကို ပြောပြသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း၌ ပြည်သူလူထုများစွာကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး ကရင်ပြည်နယ် ကော့ကရိတ်ဒေသရှိ အောင်ဇေယျ စစ်ကြောင်းသို့ ပို့ဆောင်လျက်ရှိရာ အဆိုပါ တပ်သားသစ်များသည် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)ပူးပေါင်းတပ်များထံ မကြာခဏ အလင်းဝင်ရောက်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။