Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က စစ်ပွဲမနိုင်၍ ပြည်သူပစ်မှတ်ထားတိုက်ခိုက်နေဟု KNUတပ်မဟာ(၁) တာဝန်ရှိသူပြော

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအပါအဝင် နိုင်ငံတဝန်း၌ စစ်ရေးအရရှုံးနိမ့်မှုများ ကြုံနေရ၍ ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)တာဝန်ရှိသူက ပြောကြားသည်။

ကရင်ပြည်နယ် တနေရာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

မေ ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအပါအဝင် နိုင်ငံတဝန်း၌ စစ်ရေးအရရှုံးနိမ့်မှုများ ကြုံနေရ၍ ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)တာဝန်ရှိသူက ပြောကြားသည်။

စစ်ကောင်စီတပ်က တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

” အရပ်သားပြည်သူများ၏ လူနေမှုဘဝ လွတ်လပ်မှု လုံခြုံမှု စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရန် အဖွဲ့အစည်းတိုင်းတာဝန်ရှိပါသည်။စစ်ကောင်စီ ဆောင်ရွက်နေသည့် လုပ်ရပ်အား ဆိုရိုးစကားအရ ကြွက်မနိုင်တော့ စပါးကျီမီးရှို့ အရပ်သားပြည်သူကို ပစ်မှတ်ထား ပြည်သူနေထိုင် သည့်ကျေးရွာ များသို့ လက်နက်ကြီး၊ လေကြောင်းဆက်တိုက်ပစ်ခတ်နေမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်နေသည်သေည်ကို ကမ္ဘာတဝှမ်း သိရှိပြီးဖြစ်တယ်”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မဟာ(၁)နယ်မြေသို့ လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှု အခြေအနေများကိုလည်း ၎င်းက ပြောသည်။

မေလ ၂၁ရက်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ၏အမှတ် (၄၄)ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခမရ(၂၀၇)တပ်ရင်းအခြေစိုက်သော သိမ်ဇရပ်မြို့ ဝါးဒတ်ကွင်းမှ အရပ်သားပြည်သူများ ပစ်မှတ်ထားပြီး လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာအုပ်စု အထက်ကမ်းနီရွာ အနီးရှိ အရပ်သားပြည်သူ လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲဟု ဆိုသည်။

မေလ ၂၂ရက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ခမရ(၂၀၇)တပ်ရင်းက လက်နက်ကြီးဖြင့် အထက်ကမ်းနီရွာအနီးကို ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဆိုသည်။

ထို့အပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ် ဆင်ရွာတွင်အခြေချသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု ခရွဲရွာအရှေ့ဘက် အရပ်သားပြည်သူလုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။

သိမ်ဇရပ်မြို့အခြေစိုက် အမှတ်(၃၁၀)အမြောက်တပ်မှ အရပ်သားပြည်သူများကိုလည်း ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စု ဝင်းကံရွာအနီး အရပ်သားပြည်သူလုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲဟု ပြောသည်။ ယင်းနေ့၌ပင် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု သုံးခွရွာနှင့်ကျောက်ပုံကြီးကွင်းကြား အရပ်သားပြည်သူလုပ်ငန်းခွင်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု အသိပေးသည်။

မေလ ၂၄ရက်ကလည်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာအုပ်စု မိုးဘောနတ်စင်ကျေးရွာအတွင်း တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ

နေအိမ် ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ၏ လူနေမှုဘဝသည် အသက်အန္တရာယ် အမြဲစိုးရိမ်ကြောက်ရွံ့နေရပြီး အကြောက်တရားနှင့်သာ နေထိုင်နေကြရသည်ဟု KNU တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် တပ်မဟာ(၁)နယ်မြေ အပါအဝင် KNU တပ်မဟာနယ်မြေ အသီးသီး၌ တပ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသည်။ တဖက်တွင်လည်း စစ်ကောင်စီတပ်က ပြည်သူလူထုများကို ပစ်မှတ်ထား လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်၍ ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။