Connect with us

Hi, what are you looking for?

သတင်း

မလေးရှားမှာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေ

မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ဒီနေ့ (မေလ ၂၆ ) ကစတင်ပြီး မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့မှာ နှစ်ရက်ကြာ ကျင်းပနေပါပြီ။

ဓာတ်ပုံ - Anwar Ibrahim/FB

မေ – ၂၆ ၊၂၀၂၅ /People’s Spring

မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ဒီနေ့ (မေလ ၂၆ ) ကစတင်ပြီး မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့မှာ နှစ်ရက်ကြာ ကျင်းပနေပါပြီ။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ မလေးရှားက ကျင်းပတဲ့ အဲဒီထိပ်သီးအစည်းအဝေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေ တက်ရောက်နေကြပြီး မြန်မာထိုင်ခုံအတွက် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်တက်ရောက်တာတွေ့ရပါတယ်။

၂၀၂၁ခုနှစ် မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီက ထိထိရောက်ရောက်အကောင် အထည်မဖော်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် အာဆီယံ ကပိတ်ပင်ထားတာပါ။

Public Service Announcement

Public Service Announcement

ဘုံသဘောတူညီ ၅ ချက်ကတော့ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ ပြည်တွင်းက သက်ဆိုင်ရာအစုအဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ၊ မြန်မာကိုအာဆီယံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီးသက်ဆိုင်သူတွေနဲ့တွေ့ဆုံနိုင်ဖို့အချက်တွေပါဝင်ပါတယ်။

ဘုံသဘောတူညီချက်တွေကို အာဏာသိမ်းပြီး ၂ လကျော်အကြာ အင်ဒိုနီးရှားမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တာပါ။

အဲဒီအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင်တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီသဘောတူညီချက်တွေကို မြန်မာစစ်ခေါင်းဆောင်က ထိထိရောက်ရောက်အကောင်အထည် ဖော်တာမရှိဘူးလို့ အာဆီယံ ခေါင်း ဆောင် အချို့က ထောက်ပြထားပါတယ်။

လက်ရှိကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဖို့ရှိနေပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီ​ယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာ နာထောက်ထားမှုအကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးသွားမ​ယ်လို့ အသိပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

Facebook