Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်၊တပိုရွာအနီးတွင်တိုက်ပွဲဖြစ်စစ်တပ်ကမြိတ်-ပုလောလမ်းပိုင်းကို ပိတ်ထား

တနသ်ာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ် ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြိတ်ခရိုင် တပ်ရင်း(၁)မှ ရဲဘော်အချို့ကို ပုလောမြို့နယ်တွင်း လမ်းပိုင်းတစ်နေရာတွင်တွေ့ရစဥ်(ပုံဟောင်း)။ ဓါတ်ပုံ-PPDF

ဇွန်-၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနသ်ာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ် ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၂ ရက်မွန်းလွဲ ၃ နာရီခန့်က စက်တော်ရာရွာဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တပိုကျေးရွာတံတားထိပ်နားတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

“စကစ ဘက်က တပိုရွာကို စစ်ကြောင်းထိုးလာတာပါ။ အင်အားကတော့ အတိအကျ ပြောဖို့ခက်တယ်။ သူတို့စုဖွဲ့ထားတဲ့အင်အားအရဆိုရင် ၃၀၀ ကျော်လောက်ရှိနိုင်တယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူကလူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

နှစ်ဘက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တွင် စစ်ကောင်စီ၏ ကင်းထောက်ရဟတ်ယာဥ်နှင့် ဒရုန်းများ ဆက်တိုက်ဝဲပျံမှုရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းသည် တပိုကျေးရွာနှင့် ကျေးရွာ အုပ်စုတစ်ခုတည်းဖြစ်သော မီးလောင်ချောင်းကျေးရွာ၌ အထိုင်ချတပ်ဖြန့်ကာ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းအား ဇွန်လ ၃ ရက်နံနက်ပိုင်းတွင် စတင်ပိတ်ဆို့လိုက်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

“ဒီနေ့(ဇွန်လ ၃ ရက်)မနက်မှာပဲ စစ်ကောင်စီဘက်က မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပိတ်ထားတယ်။ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်လာမယ့် အနေအထားရှိပါတယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူက ခန့်မှန်းပြောကြား သည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူများ စစ်ရေးသတိရှိကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

Facebook