Connect with us

Hi, what are you looking for?

သတင်း

အောင်ပန်းတွင် မြေအောက်တစ်မိုင်ကျော်ကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့် ငလျင်လှုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မြေအနက် တစ်မိုင်ကျော်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့်ရှိ ငလျင် ယနေ့ နေ့လည်ပိုင်း၌ လှုပ်ရှားသွားပြီး အလွန်ပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

ဇွန်-၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မြေအနက် တစ်မိုင်ကျော်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့်ရှိ ငလျင် ယနေ့ နေ့လည်ပိုင်း၌ လှုပ်ရှားသွားပြီး အလွန်ပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

နေ့လည် ၁၂နာရီ ၄၆ မိနစ်ခန့်တွင် လှုပ်ရှားခြင်းဖြစ်ပြီး ဇောက်တိမ် ငလျင်ဖြစ်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်သည်။

“ငလျင်မလှုပ်ခင် အသံတော်တော်ကျယ်ကျယ်ကြားရတယ်။ အိမ်တွေထဲ မနေရဲလို့ ဆင်းပြေးသူကပြေးနဲ့။ နောက်ထပ်တော့ ဘာမှ မကြားရသေးပါ”ဟု အောင်ပန်းဒေသခံတစ်ဦးကပြော
သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်း၌ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရစ်ချ်တာစကေး ၃ မှ ၄ပတ်ဝန်းကျင် အဆင့် ငလျင်များ မကြာခဏ လှုပ်နေသည်။

ဇွန်လ ၃ ရက် ၊ ည ၈ နာရီခန့်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီး ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၆ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ထိုအပြင်မေလ ၃၀ရက်ကလည်း တောင်ကြီးမြို့အနီးကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၄အဆင့်ရှိ ငလျင်လှုပ်ရှားသွားသည်။

ပြီးခဲ့သည့် မတ်လ ၂၈ရက်က မန္တလေးမြို့ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့် ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ အဆိုပါငလျင်လှုပ်ရှားစဉ်က ရှမ်းပြည်နယ်တောင်ပိုင်း ‌အောင်ပန်း၊ ကလော၊ အင်းလေးဒေသများတွင်လည်း ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

ယင်းငလျင်၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် MOHADM က သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။