Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကျောက်စိမ်းလုပ်ကွက်တစ်ခုကိုစစ်ကောင်စီ မီးထပ်ရှို့

​ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်းရှိ ​မြေစာသယ်ကား နှစ်စီးကို စစ်တပ်က မီးရှို့ဖျက်ဆီးစဥ်။ဓါတ်ပုံ-CJ

ဇွန်-၄၊၂၀၂၅။ ယောနသံ/People’s Spring

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့သည့်ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အနီးရှိ အခြားလုပ်ကွက်တစ်ခုကိုစစ်ကောင်စီက ဇွန် ၄ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့ ဇွန်လ ၄ရက် နံနက်အစောပိုင်း၌ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် နေ့လယ် ၁နာရီခန့်တွင် မြဥယာဥ်ကုမ္ပဏီအတွင်းသို့ ဝင်၍ မီးရှို့နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

” မီးခိုးတွေ အတန်းလိုက်ပဲ။စစ်…ကြောင်းက မီးလိုက်ရှို့နေပြီ။ KIAအနေနဲ့ မှော်ထဲမှာ …ဆိုးကို လက်ခံထားရင် အဲ့ဒီ…က လိုက်ကိုက်နေမှာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​ကျောက်စိမ်းလုပ်ကွက်ရှိ ကားနှစ်စီးကို စစ်သားများကမီးရှို့ခဲ့သည်ကို ​ဒေသခံတစ်ဦးတင်ထား​သောရုပ်သံမှတ်တမ်းတွင်​တွေ့ရသည်။

မီးရှို့သည့်နေရာအနီးရှိ တင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ဇွန်လ ၃ရက်နေ့လယ်၁နာရီတွင် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံးကာ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ထိုသို့​ပေါက်ကွဲခြင်းမှာ စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း​ကြောင့် သို​လှောင်ထား​သောယမ်းများ​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

အထက်ပါပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေး​နေပြီး ၊ဒေသခံများ၏အဆိုအရစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇွန်လ ၄ ရက်မွန်းလွဲ ၂နာရီခန့်တွင် People’s Spring သို့ပြောသည်။

ဖားကန့်သို့ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းသည် ဇွန် ၄ ရက် နံနက်ကလည်း မှောင်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား ၂ စီး၊ ဘက်ဟိုးကား ၁ စီးကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးခဲ့သည်။ မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ထွက်ခွာလာပြီး ယင်းနေ့ညနေပိုင်းတွင် ဖားကန့်စုပေါင်းရုံး၊ မြို့ဦးစေတီ၊ အထက၊ မရှီကထောင်တရုတ်ဘုံကျောင်း၊သီတဂူမျက်စိကုဆေးရုံ၊ ပန်းတင်တံတား၊ ဗျူဟာကုန်းတို့တွင် နေရာယူခဲ့သည်။

ထို့နောက် ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားနေပြီး KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

Trending

Facebook