Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့အနီးအထိ တိုက်ပွဲ တွေနီးကပ်လာလို့ဒေသခံတချို့စစ်ဘေးရှောင်

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူ တွေက​ပြောပါတယ်။

ဇွန်-၅၊၂၀၂၅၊မေ၊People Spring

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူ တွေက​ပြောပါတယ်။

‌ဇွန်လ ၅ရက်နေ့မှာနောင်ချိုမြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို သွားတဲ့ လမ်းပိုင်းမှာ ရှိတဲ့ ကံကြီးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့​ဒေသခံ​တွေက​​ပြောတယ်။

ကံကြီးရွာဟာ နောင်ချိုမြို့နဲ့ ၉မိုင် ဝန်းကျင်သာ ဝေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြို့ထဲကျန်တဲ့သူ တွေကလည်း အကုန်ကားပေါ်ပစ္စည်း တွေတင်ပြီး အသင့်ပြင်ထားရတယ်။တိုက်ပွဲက မြို့ပေါ် ပြန်ရောက်လာနိုင်တယ်”လို့ မြို့ခံတဦးကပြောပါတယ်။

​ဒေသခံပြည်သူ​တွေဟာ​ကျောက်မဲမြို့နယ်နဲ့ ​​ဘေးကင်းမယ်ထင်တဲ့ ဘက်ကိုကြိုတင်စစ်ဘေး ရှောင် နေကြပြီလိုဒေသခံ တွေကပြောပါတယ်။

ဇွန် ၄ ရက်နေ့ကလည်း စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေ မြို့တွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပေမယ့် People’s Spring ကအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဇွန် ၄ ရက်နေ့ကပဲ ဒရုန်းနဲ့ မြို့တွင်းကို ဆယ်ကြိမ်ထပ်မနည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးသီးတွေ ချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တအောင်းတပ်မတော် (TNLA)ကတော့ ပြည်သူတွေ အနေနဲ့ စစ်ရေးအရ စိတ်ပူစရာမလို ကြောင်း သတင်းပြန်ကြား ရေးတာဝန်ခံ လွေးယေဦး က ဒီကနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

“နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ လွေးယေဦးကရှင်းလင်းပွဲမှာပြောပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ကိုပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာ တွေဘက်ကနေထိုးစစ်ဆက်ဆင်တိုက်ခိုက် နေပြီး ကျေးရွာတချို့ကိုလည်း ပြန်သိမ်းယူထားတယ်လို့သိရပါတယ်။

နောင်ချိုမြို့ကို ၂၀၂၄ခုနှစ် ဇူလိုင်လက TNLA၊ PDF နဲ့ပူး​ပေါင်းတပ်​တွေကတွေသိမ်းပိုက်ထားတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။