Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးတွင် အရာရှိသင်တန်းဆင်းများ ပါလာသည့် စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်တိုက်ခိုက် တပ်ခွဲမှူး ၈ ဦး​သေဟုဆို

ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်​ကြောင်းကိုလည်း PDFများတိုက်ခိုက်

PDF သံ​တောင်မှ တပ်ဖွဲ့ဝင်တဦး ။ ဓါတ်ပုံ-PDF သံ​တောင်

ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်စစ်တပ်၏ အရာရှိ သင်တန်းဆင်း သင်တန်းသားများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ၈ ဦး နှင့် ယာဉ်မောင်း တပ်ကြပ် ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း တိုက်ခိုက်ခဲ့သည့် People Defence Force Thandaung က သတင်းထုတ်ပြန်သည်။

ဇွန်လ ၇ရက် ညနေပိုင်းက သံတောင်ကြီးမြို့နယ်၊ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းမှတပ်ခွဲမှူး သင်တန်းဆင်းများပါဝင်သော ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းရှိ စစ်တပ်၏ ၇မိုင် စခန်းကုန်းအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆင်ရေးကို KNU တောင်ငူခရိုင်၊တပ်မဟာ(၂)၊တပ်ရင်း(၅)လက်အောက်ခံ PDF သံ​တောင်စစ်ကြောင်း နှင့် မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရဲဘော်များအားလုံးဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ သေဆုံးထိခိုက်မှုသတင်းအချက်အလက်များကို တပ်တွင်းဖရဲသီးဆီမှ ပြန်သိရခြင်းဖြစ်ကြောင်း PDF သံ​တောင်မှ တာဝန်ရှိသူက ပြောသည်။ သို့​​သော်စစ်တပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

CDMစစ်သားဗိုလ်ကြီးဇင်ယော်ကလည်း ဇွန်လ ၆ရက်တွင် စစ်ကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း ဘုရင့်နောင်၌ တပ်ခွဲမှူး၊ တပ်ရင်းမှူးနှင့် တပ်စုမှူးသင်တန်းဆင်းခဲ့ကြောင်း ပြောသည်။ တပ်ခွဲမှူးသင်တန်းဆင်းသည် ဗိုလ်ကြီးအဆင့်ဖြစ်ပြီး တပ်ရင်းမှူး သင်ဆန်းဆင်းသည် ဗိုလ်မှူးအဆင့်ဖြစ်ကာ တပ်စုမှူး သင်ဆန်းသည် ဗိုလ်အဆင့်ဖြစ်သည်ဟု ပြောပြသည်။

“သောကြာနေ့သင်တန်းဆင်းတယ်။ စနေနေ့(ဇွန်လ ၇ရက်)မှာပို့မယ်ဆိုတဲ့ပုံသေလမ်းကြောင်းကိုလည်း ကာကွယ်ရေးအင်အားစုတွေဘက်က သတင်းစုံစွာ ရရှိထားတဲ့ အနေအထားမျိုးဆိုတော့ သူတို့တွေက တိုက်ခိုက်မှု ခံရမှာပဲ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အဆိုပါလမ်းပိုင်း၌ယခင်ကတည်း မကြာခဏ တိုက်ခိုက်ခံရသကဲ့သို့ ယခုအရာရှိ သင်တန်းဖွင့်ပွဲ တွင်လည်းထပ်မံတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၊ယခင်တိုက်ခိုက်မှုများတွင်ယခုဖြစ်စဉ်ကဲ့သို့ သေဆုံးထိခိုက်မများခဲ့ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် နေရာသည်လည်း စစ်ကောင်စီ၏ ၇မိုင်တပ်စခန်း ရှိသည်ဟု ဆိုသည်။အကယ်၍ စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်းချပါကလည်း လမ်းကင်းချသည့် အဖွဲ့ တိုက်ခိုက်ခံရမည်ဟုခန့်မှန်း​ပြောသည်။

“အဲဒါကြောင့် တောင်ငူ-လိပ်သို- သံတောင်ကြီး လမ်းပိုင်းကို စစ်ကောင်စီက အပြည့်အ၀ ထိန်းချုပ်မထားနိုင်တော့ဘူးဆိုတာ လုံး၀ ပေါ်လွင်နေတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

PDF သံ​တောင်၏ သတင်းထုတ်ပြန်ချက်တွင် မေလကုန်ပိုင်းက တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ထုံးဘိုကြီးစခန်းအား သွားရောက်တိုက်ခိုက်ခဲ့မှုကိုလည်း​ဖော်ပြထားသည်။ မေလ ၂၇ရက်တွင် ထုံးဘိုကြီးစခန်းအား သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်ကျဆုံး အတိအကျ မသိရသေးသော်လည်း အထိနာခဲ့ဟု ဆိုသည်။

ထို့အပြင်တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း (တပ်ရင်း ၃၅၀၂)ကလည်း ထန်းတပင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကိုသတင်းထုတ်ပြန်သည်။ဇွန်လ ၁၂ရက် ကထန်းတပင်မြို့နယ်၊မြိုးစိုးတံတားတွင်အင်အားဖြည့်ထားသော စစ်ကောင်စီတပ် ဖွဲ့ဝင် ၁၂၀ ခန့်သည် နံနက် ၇နာရီ ခန့်တွင် မြို့စိုးရွာအတွင်း ဝင်ရောက်ခဲ့ရာတပ်ရင်း ၃၅၀၂၊ တပ်ရင်း(၃၅၀၁)၊ အုတ်တွင်း ပကဖ ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု​ဖော်ပြသည်။

တိုက်ပွဲအတွင်း ရန်သူထိခိုက်မှုမှာ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး ခန့် သေဆုံးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ်(၃၅၀၂)က အသိပေးထားသည်။

ခွေး(စစ်ကောင်စီတပ်)က ကမ်းနား တစ်လျှောက် စစ်ကြောင်းနဲ့ မြို့စိုးထိ တိုးလာဖို့ လုပ်နေလို့ နှစ်ဖက် ဆိုင်ထားပါတယ်ဗျ။ရည်မှန်းချက်က မြို့စိုးတံတား လုံခြုံရေးလို့ခန့်မှန်းတယ် ယခင်လည်း ချိုးထားဖူးတော့ နောက်တစ်ကြိမ် ထပ်သိမ်းမှာ ကြောက်လို့လားမသိပါဘူး”ဟု တပ်ရင်း ၃၅၀၂ တာဝန်ရှိသူတဦးက မြို့စိုးဒေသ စစ်ရေး အခြေ အနေကို ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့