Connect with us

Hi, what are you looking for?

News

ကွမ်းခြံကုန်း၊ တွံ​တေး၊​ ကော့မှူး တွင်ဆိုင်ကယ်တစ်စီးလူတစ်​ယောက်သာစီးရန် အာဏာသိမ်းစစ်​ကောင်စီတားမြစ်မှု ​ကြောင့်ပြည်သူများအခက်​တွေ့

“မရှိလို့ ကယ်ရီဆွဲပါတယ်ဆိုမှ နောက်ကလူမတင်ရတော့ ဘာတင်ရမလဲဗျာ။ ကယ်ရီသမား​တွေတင်မက ​အိမ်ရှင်မ​တွေ​စျေးလိုက်ပို့ဖို့​တောင်မလွယ်ပါဘူး။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊တွံတေး၊ ကော့မှုးမြို့နယ်များတွင် ဆိုင်ကယ်တစ်စီး လူတစ်ယောက်သာစီးရန် အကြမ်းဖက်စစ်ကောင်စီကအမိန့်ပေးထားကြောင်းဒေသခံများကပြောသည်

နိုဝင်ဘာလ ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင်ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှုးမြို့နယ်များ၌ မြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်ပိုင်ရှင်များအား ဆိုင်ကယ်စီးလျှင် တစ်ဦးတည်းသာစီးနင်းရမည်ဖြစ်ကြောင်း မြို့‌ပေါ်ရပ်ကွက်အချို့တွင် အကြမ်းဖက်စစ်ကောင်စီက လော်စပီကာဖြင့် လိုက်လံကြေညာသွားကြောင်းဒေသခံများက ပြောသည်။

“မရှိလို့ ကယ်ရီဆွဲပါတယ်ဆိုမှ နောက်ကလူမတင်ရတော့ ဘာတင်ရမလဲဗျာ။ ကယ်ရီသမား​တွေတင်မက ​အိမ်ရှင်မ​တွေ​စျေးလိုက်ပို့ဖို့​တောင်မလွယ်ပါဘူး။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

အဆိုပါအမိန့်ကြောင့် မြို့နယ်အတွင်းရှိ ဆိုင်ကယ်ကယ်ရီဝန်ဆောင်မှုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ပြည်သူများအတွက် အခက်အခဲဖြစ်စေပြီး သာမန်ပြည်သူများအတွက်လည်း ကျန်းမာရေးကိစ္စကအစ သွားရေးလာရေးအခက်အခဲများ ဖြစ်ပေါ်စေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအလယ်ပိုင်းရှိဒေသအချို့တွင်လည်း အာဏာလု
စစ်​ကောင်စီက ဆိုင်ကယ်တစ်စီးလျှင်လူတစ်​ယောက်သာစီးရန် ၊ Mask မတပ်ရန် တားမြစ်ထားသဖြင့်ပြည်သူများအခက်​တွေ့​နေကြသည်။ စစ်တပ်ကအာဏာသိမ်းပြီး​နောက်ကမ္ဘာ့ကပ်​ရောဂါ COVID-19 ကာကွယ်​ရေးလုပ်ငန်းများထိ့​ရောက်စွာမလုပ်နိုင်​တော့ဘဲ Mask မတပ်ရအမိန့်က ကပ်​ရောဂါကူးစက်မှုပိုမိုဆိုးရွားလာ​စေနိုင်​ကြောင်းပြည်သူအချို့က​​ဝေဖန်​နေကြသည်။

တစ်ဦးထက်ပိုစီးပါက ယာဥ်စီးကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူမည်ဟု ဥပဒေတွင်မပါသည့်အချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီကခြိမ်းခြောက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။