Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ကျူးကျော် စစ်ပြုနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကို ရုရှား ငြင်းဆို

ရုရှားစစ်တပ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ ဖြန့်ကျက် နေရာချမှုတွေက ယူကရိန်းအတွက် အန္တရာယ် ရှိလာနိုင်တယ်လို့ အမေရိကန် စစ်ဘက် အရာရှိကြီးတွေက ယူဆနေကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့တာပါ။

ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်လာဖွယ် ရှိနေတယ်ဆိုတဲ့ ခန့်မှန်း သတင်းတွေကို ရုရှား အစိုးရက ငြင်းဆိုသွားခဲ့ပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားဟာ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်လိုစိတ် မရှိဘူးလို့ ပြောပါတယ်။ အမေရိကန် မီဒီယာ တစ်ခုက အမေရိကန် အစိုးရ အနေနဲ့ ယူကရိန်းကို ရုရှားက တိုက်ခိုက်လာနိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာကြောင်း ဖော်ပြခဲ့ပြီးတဲ့နောက် ကရင်မလင်ဖက်က အခုလို တုံ့ပြန်ခဲ့တာပါ။

ရုရှားစစ်တပ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ ဖြန့်ကျက် နေရာချမှုတွေက ယူကရိန်းအတွက် အန္တရာယ် ရှိလာနိုင်တယ်လို့ အမေရိကန် စစ်ဘက် အရာရှိကြီးတွေက ယူဆနေကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့တာပါ။

ပက်စ်ကော့ဗ်ကတော့ ရုရှားရဲ့ စစ်တပ်တွေ ကိုယ့်နိုင်ငံ ပိုင်နက်ထဲမှာ ကြိုက်သလို ရွှေ့ပြောင်းမှာဖြစ်ကြောင်း၊ ဒါဟာ တခြားနိုင်ငံ တစ်ခုခုအပေါ် ရန်လိုနေတယ်လို့ မယူဆနိုင်ကြောင်း၊ ရုရှားဟာ ဘယ်နိုင်ငံ အတွက်မှ ခြိမ်းခြောက်မှု မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း ၂၀၁၄ ခုနှစ်တုန်းက ရုရှား စစ်တပ်တွေဟာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ရုရှားတပ်တွေ ဝင်ရောက် ကျူးကျော်ပြီး လက်ရှိ အချိန်ထိ သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။

ပက်စ်ကော့ဗ်က ပင်လယ်နက်ထဲမှာ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ သူလျှို လေယာဉ်တွေ ခြေရှုပ်နေတာမျိုးကသာ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ပိုမို လှုပ်ခတ်စေနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ရုရှားဟာ ဘယ်နိုင်ငံကိုမှ ရန်လိုနေမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ပြိုင်ဘက်တွေက ရုရှား နယ်နိမိတ်နား လာပြီး ရှုပ်ရှုပ်ထွေးထွေး လုပ်နေရင်လည်း လိုအပ်သလို တုံ့ပြန်ဖို့ ဝန်မလေးကြောင်း သူက သတိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။