Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်လက်ဒဏ်ရာရခဲ့တယ်လို့ သတင်းထွက်​ပေါ်

မတ်လ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်း ငလျင်ကြီးအတွင်း နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

AFP

ဇွန်-၁၉၊၂၀၂၅။People’s Spring

မတ်လ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်း ငလျင်ကြီးအတွင်း နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် မတရား ဖမ်းဆီး အကျဉ်းချ ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ကျရောက်မယ့် ဇွန်လ ၁၉ ရက်နေ့အတွက် အရပ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Suu Foundationရဲ့ ကြေညာချက်မှာ အဲဒီအကြောင်းကို ထည့်သွင်း ဖော်ပြထားခဲ့တာပါ။

Suu Foundationရဲ့ ကြေညာချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်မှာ စီးပွားရေး အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သူ ဩစတြေးလျ နိုင်ငံသား ရှောင်တာနဲလ်ကလည်း လူမှုကွန်ရက်ပေါ် ပြန်လည်ဝေမျှထားပါတယ်။

Public Service Announcement

Public Service Announcement

ကြေညာချက်ထဲမှာတော့ မတ်လ ၂၈ ရက်နေ့တုန်းက မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ခံထားရတဲ့ အကျဉ်းထောင်မှာ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဘယ်ဖက်လက်မှာ ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက တူညီတဲ့ ထွက်ဆိုမှုတွေကို ကိုးကား ဖော်ပြထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းချ ခံထားရတဲ့ အခြေအနေမှာ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့် မရခဲ့ပါဘူး။

Suu Foundationရဲ့ ဂျင်းတော့ဒ်နဲ့ အမှုဆောင်ချုပ် ဒေါက်တာ မိုက်ကယ်မာရတ် ခရော့စ်ဘီတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအတွက် အထူးစိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အလေးပေးတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ Suu Foundationက တောင်းဆိုလိုက်ကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်း ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက်ဥပဒေ အကျိုးဆောင်တွေအဖြစ် ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ ဖရန်ဆွာဇီမာရေး နဲ့ ကက်တလီနာ ဒယ်လာဆိုတာတို့ကတော့ ကမ္ဘာကြီးက တုံဏှိဘာဝေ ဆက်လုပ်နေတုန်း အကျဉ်းထောင်ထဲမှာတင် ဒေါ်အောင်ဆန်းစုကြည် အသက်ဆုံးရှုံးသွားမှာကို အလေးအနက် စိုးရိမ်ရမယ့် အကြောင်းတရားတွေ ရှိနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်ရယ်၊ ၂၀၂၁ နှစ်ကစပြီး ပွင့်ပွင့်လင်းလင်း ဘာမှ သိခွင့်မရတဲ့ အခြေအနေမျိုးနဲ့ ထိန်းသိမ်း ချုပ်နှောင် ခံထားရတာတွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာရထားတဲ့ ကိစ္စအပေါ် အများကြီး ပူပန်မိကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ ခုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၃၃ နှစ်ထိချမှတ်ထားပါတယ်။

ကိုးကား-Suu Foundation

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။