Connect with us

Hi, what are you looking for?

News

အရာ​တော်-မုံရွာကားလမ်းတွင်စစ်​ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ပြီး၊ မိုင်လာရှင်း​သောစစ်သားများပါထိ့

အကြမ်းဖက်စစ်ကောင်စီက အရာ​တော်ရှိ​ကျေးရွာများကိုရွာလုံးကျွတ်မီးရှို့ခြင်းနှင့်အမျိုးသားများကို PDF ဟု သတ်မှတ်၍ အကြမ်းဖက်သတ်ဖြတ်ခြင်းများပြုလုပ်နေသည်။

အရာတော်- မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းလာရှင်းသည့် စစ်ကောင်စီ တပ်သားများပါ မိုင်းထိခဲ့ကြောင်း အရာတော် မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

“ဖြစ်စဥ်နှစ်ခုမှာ မိုင်းခွဲတုန်းက ညနက်ပိုင်းဆိုတော့ စစ်ခွေးတွေ ဘယ်လိုဖြစ်လဲတော့မသိဘူး။ ဒါပေမယ့် ဒီနေ့ (နိုဝင်ဘာ ၁၃ ရက်) မနက် ၁၀ နာရီလောက်မှာ သူတို့မိုင်းဆွဲခံရတဲ့နေရာကို လာရှင်းတော့ မပေါက်ပဲ ကျန်နေသေးတဲ့ မိုင်းတွေ ထပေါက်တာ။အဲဒီဖြစ်စဥ်မှာတော်တော် ဒဏ်ရာရတယ်လို့ သိရတယ်”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၁ရက် ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ်သားတင်ဆောင်လာသော ကားတစ်စီးကိုအရာတော်မြို့နယ်ရှိ မဟာမိတ်ခြောက်ဖွဲ့က ကနဦးမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်လိုက်သည့်နေရာအား ယနေ့ (နိုဝင်ဘာ ၁၃ရက်) နံနက် ပိုင်းက စစ်ခွေးများလာရောက်ကြည့်ရှုစဥ် ညီနောင်မဟာမိတ် ၆ဖွဲ့၏ ကျန်ခဲ့သောမိုင်းများမှ ပေါက် ကွဲ၍ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် People’s Guerillas Commando-Myinmu အဖွဲ့မှဦးဆောင်၍ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (Apostle ) ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊Ayadaw Bone Naing PDF Ayadaw Falcon Force (AF2) နှင့် Knights Of the Res Land(KORL)ပြောက်ကျား
တပ်ဖွဲ့ စ​သောညီနောင်မဟာမိတ်၆ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်မှာ စစ်အာဏာရှင်တော်လှန် ရေးတွင် မြေပေါ် မြေအောက် အားကောင်းသော နေရာ ဖြစ်သည့် အပြင် စစ်ကောင်စီတပ်များမကြာခဏ မိုင်းဆွဲခံနေရသည့် ဒေသဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီက အရာ​တော်ရှိ​ကျေးရွာများကိုရွာလုံးကျွတ်မီးရှို့ခြင်းနှင့်အမျိုးသားများကို PDF ဟု သတ်မှတ်၍ အကြမ်းဖက်သတ်ဖြတ်ခြင်းများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။