အရာတော်- မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းလာရှင်းသည့် စစ်ကောင်စီ တပ်သားများပါ မိုင်းထိခဲ့ကြောင်း အရာတော် မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“ဖြစ်စဥ်နှစ်ခုမှာ မိုင်းခွဲတုန်းက ညနက်ပိုင်းဆိုတော့ စစ်ခွေးတွေ ဘယ်လိုဖြစ်လဲတော့မသိဘူး။ ဒါပေမယ့် ဒီနေ့ (နိုဝင်ဘာ ၁၃ ရက်) မနက် ၁၀ နာရီလောက်မှာ သူတို့မိုင်းဆွဲခံရတဲ့နေရာကို လာရှင်းတော့ မပေါက်ပဲ ကျန်နေသေးတဲ့ မိုင်းတွေ ထပေါက်တာ။အဲဒီဖြစ်စဥ်မှာတော်တော် ဒဏ်ရာရတယ်လို့ သိရတယ်”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၁ရက် ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ်သားတင်ဆောင်လာသော ကားတစ်စီးကိုအရာတော်မြို့နယ်ရှိ မဟာမိတ်ခြောက်ဖွဲ့က ကနဦးမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်လိုက်သည့်နေရာအား ယနေ့ (နိုဝင်ဘာ ၁၃ရက်) နံနက် ပိုင်းက စစ်ခွေးများလာရောက်ကြည့်ရှုစဥ် ညီနောင်မဟာမိတ် ၆ဖွဲ့၏ ကျန်ခဲ့သောမိုင်းများမှ ပေါက် ကွဲ၍ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲတွင် People’s Guerillas Commando-Myinmu အဖွဲ့မှဦးဆောင်၍ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (Apostle ) ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊Ayadaw Bone Naing PDF Ayadaw Falcon Force (AF2) နှင့် Knights Of the Res Land(KORL)ပြောက်ကျား
တပ်ဖွဲ့ စသောညီနောင်မဟာမိတ်၆ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

Public Service Announcement
အရာတော်မြို့နယ်မှာ စစ်အာဏာရှင်တော်လှန် ရေးတွင် မြေပေါ် မြေအောက် အားကောင်းသော နေရာ ဖြစ်သည့် အပြင် စစ်ကောင်စီတပ်များမကြာခဏ မိုင်းဆွဲခံနေရသည့် ဒေသဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီက အရာတော်ရှိကျေးရွာများကိုရွာလုံးကျွတ်မီးရှို့ခြင်းနှင့်အမျိုးသားများကို PDF ဟု သတ်မှတ်၍ အကြမ်းဖက်သတ်ဖြတ်ခြင်းများပြုလုပ်နေသည်။


















































