Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ မြေစာပုံပြိုလို့ ရေမဆေးကျောက်သမား နှစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ မှော်ရှန်ကျေးရွာကနေ မိုးကာရွာ အတက်လမ်း က မြေစာပုံမှာ ကျောက် ရှာရင်း မြေပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူ ကျောက်သမားနှစ်ဦး သေဆုံးသွားတယ်လို့ဒေသခံဆီကသိရပါတယ်။

ရုပ်အ​လောင်းရှာ​ဖွေ ​နေစဥ်။ဓါတ်ပုံ-​မှော်မင်းသား၊ Tarlin Mg

ဇွန်-၂၁၊၂၀၂၅။ဆိုင်းမင်း၊ဧရာ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ မှော်ရှန်ကျေးရွာကနေ မိုးကာရွာ အတက်လမ်း က မြေစာပုံမှာ ကျောက် ရှာရင်း မြေပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူ ကျောက်သမားနှစ်ဦး သေဆုံးသွားတယ်လို့ဒေသခံဆီကသိရပါတယ်။

မနေ့ ဇွန်လ ၂၀ ရက် ညပိုင်းမှာ ရေမဆေး ကျောက်ရှာဖွေသူနှစ်ဦး နေထိုင်ရာ နေရာဆီပြန်မရောက်လာတာကြောင့် ဒီမနက်ပိုင်းမှာ လိုက်လံရှာဖွေရာမှာတော့ မြေစာပုံပြိုကျပြီး ပိမိကာ သေဆုံးနေတာကိုသိရှိခဲ့ကြတာပါ။

ဆုထူးပန်ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ လျှိုထဲ ကျောက်ဝင်ရှာရာကနေ အဖြစ်ဆိုးနဲ့ကြုံရတာလို့ ဒေသခံ ကပြောပါတယ်။

Public Service Announcement

Public Service Announcement

” မြေစာပြိုတဲ့လျှိုက ဘေးဘက်က ဝိုက်တူးလည်း မရဘူး၊ ထပ်ပြိုရင် အကုန်ပါကုန်မှာ၊ ဘက်ဟိုးကလည်း ဘယ်ကုမ္ပဏီမှ မထွက်ရဲကြဘူး၊ ကျနော်တို့ ကူညီထုတ်ပေးဖို့ အခက်အခဲတွေ့နေတယ်”လို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

ဒီနေ့ ညနေပိုင်း ၃ နာရီခန့်မှာတော့ တစ်ဦးရဲ့ ရုပ်အလောင်းကိုသယ်ထုတ်နိုင်ပြီလို့သိရပါတယ်။

မှော်ရှန်ကျေးရွာဒေသခံတဦးကလည်း “မြေစာတွေကို ဘက်ဟိုးတွေနဲ့ တော်တော်လေးသတိထားပြီး ရှာကြရတယ်။ တစ်ယောက်ပဲပြန် တွေ့သေးတယ်” လို့ ​ပြောပါတယ် ။

ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ကွက်တွေက လာရောက်စွန့်ပစ်တဲ့ မြေစာပုံမှာ ဝင်ရောက် ပြီး ကျောက်ရှာဖွေကြရာမှာ မြေစာပုံပြိုကျပြီးသေဆုံးမှုတွေက မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

လက်ရှိမှာတော့ ဖားကန့်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ တွေဖြစ်ထားပါတယ်။

ကျောက်စိမ်းမြို့တော် ဖားကန့်ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကျောက်စိမ်းလုပ်ကွက်တွေ ထဲ ဝင်ရောက်ကာ စက်ယန္တယားတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။

ဖားကန့်ကိုရောက်​နေ​တဲ့စစ်တပ်စစ်ကြောင်းက ကျောက်တူးကုမ္ပဏီ​တွေရဲ့ စက်ယန္တရား​တွေကိုမီးရှို့ဖျက်ဆီးခဲ့တာ​ကြောင့် အခုလူသေဆုံးမှုဖြစ်တဲ့အခါ ရုပ်အလောင်းရှာဖွေဖို့ ယန္တရားရရှိရေး အခက်အခဲကြုံခဲ့ရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

” မီးလိုက်ရှို့နေတော့ နေရာတွေပြောင်းထားရတာ။ တော်တန်ရုံ ကူညီပေးဖို့မလွယ်တော့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ် ။

ဖားကန့် မြို့နယ်အတွင်း မှာ ဇွန် ၂၀ ရက်​နေ့အထိ တိုက်ပွဲ​တွေဖြစ်ပွားခဲ့ပြီး​တော့ ဒီနေ့မှာလည်း စစ်တပ်ကလက်နက်ကြီး​တွေနဲ့ပစ်ခတ်​နေတယ်လို့​ဒေသခံအချို့က​​ပြောပါတယ်။ဒါအပြင် မိုးသည်း

ထန်စွာရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်​လာတာမို့ရေကြီးနစ်မြုပ်မှုဘေးသတိပြုကြဖို့ လူမှုကူညီရေးအဖွဲ့​တွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။