Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ မဆုံးနိုင်တဲ့ အကျိုးဆက်တွေ ကျန်နေစေလိမ့်မယ်လို့ အီရန်ပြော

အီရန်ကို အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်ခဲ့မှုဟာ မဆုံးနိုင်တဲ့ အကျိုးဆက်တွေ ကျန်နေစေမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

AP

အီရန်ကို အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်ခဲ့မှုဟာ မဆုံးနိုင်တဲ့ အကျိုးဆက်တွေ ကျန်နေစေမှာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခုအခါမှာ အီရန်ဟာ အမေရိကန်ရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်ဖို့ ဖြစ်နိုင်ခြေ ရွေးချယ်မှု မှန်သမျှကို စဉ်းစားနေပြီလို့လည်း ဝန်ကြီး အဘက်စ် အာရက်ချီက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ဟာ အီရန်-အစ္စရေး ပဋိပက္ခမှာ တိုက်ရိုက်ဝင်ပါပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဇွန်လ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။

အခုမနက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေဟာ အရမ်းရက်စက်ဆိုးရွားပြီး အဲဒီအတွက်လည်း အသုံးမသတ်နိုင်တော့မယ့် အကျိုးဆက်တွေ ကျန်နေမှာ ဖြစ်တယ်လို့ အာရက်ချီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အခုလိုမျိုး အရမ်းအန္တရာယ်များတဲ့၊ တရားလက်မဲ့ဆန်တဲ့၊ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်မျိုးကို မြင်တွေ့ပြီးတဲ့အခါ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းအတွက်လည်း အန္တရာယ် အချက်ပေးမှု ဖြစ်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ ကြေညာစာတမ်းအရ ကျူးကျော် တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်အဝ အပ်နှင်းထားကြောင်း၊ အီရန်ဟာ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ အကျိုးစီးပွားနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ရွေးချယ်စရာ အားလုံးကို စဉ်းစားမှာဖြစ်ကြောင်းလည်း အာရက်ချီက သတိပေးထားပါတယ်။

နောက်ပြီး အမေရိကန်ဟာ အီရန်နဲ့ အန္တရာယ်များတဲ့ စစ်ပွဲကို ဆင်နွှဲဖို့ စတင်လိုက်တာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။ အစောပိုင်းမှာလည်း အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အမေရိကန်ရဲ့ အရပ်ဖက်နဲ့ စစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေ၊ အဆောက်အအုံတွေဟာ အီရန်ရဲ့ တရားဝင် ပစ်မှတ် ဖြစ်လာပြီလို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အီရန်ဟာ စစ်ပွဲထဲ ရောက်နေပြီလို့လည်း IRGCက ကြေညာထားပါတယ်။

ကိုးကား: JNS

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook