Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို အသုံးပြုခွင့်ပိတ်ပင်

တင့်ကား နှင့် သံချပ်ကာယာဥ်များပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို ကာကွယ်ရေးတပ်များက အသုံးပြုခွင့်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

ဇွန်-၂၈၊ ၂၀၂၅။ ရဲခေါင်/People’s Spring

တင့်ကား နှင့် သံချပ်ကာယာဥ်များပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းကို ကာကွယ်ရေးတပ်များက အသုံးပြုခွင့်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့(ဇွန် ၂၈ ရက်)တွင် မကွေးတိုင်း စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်၍ စလင်း-မိုးဝန်း-သရက်ချဥ်-ဆင်ဖြူကျွန်းလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်းက အသိပေးသည်။

စစ်ရေးအခြေအနေအရ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကာ စစ်ကောင်စီသည် ပြည်သူလူထုကားများကို ချောဆွဲအသုံးပြုခြင်းများရှိ၍ မှားယွင်းပစ်ခတ်မှုများဖြစ်မလာရန်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဥ်တန်းများနှင့် အနီးကပ်ရှိမနေကြရန်လည်း ပြည်သူများကို တိုက်တွန်းထားသည်။

“အခု စလင်းထွေအုပ်ရုံးကနေ မြောက်ဖက်ကို ခြေလျင် စစ်ကြောင်း ၃ ခု ထွက်တယ်လို့ သိရပါတယ်။ အရှေ့ဖက်အဖျားဆုံးစစ်ကြောင်းက အခု ဂုံကုန်းရွာထဲ ဝင်မွှေနေတယ်လို့ သိရပါတယ်။ ဓားစာခံ သက် ကြီးပိုင်းတွေလဲ ပါသွားတယ်လို့သိရပါတယ်”ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီသည် ၎င်း၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအတွက်အရေးပါသည့် စလင်း -ဆင်ဖြူကျွန်းနှင့် တညောင်လမ်းပိုင်းအား ထိန်းချုပ်ရန် မကြာခဏ ကြိုးပမ်းနေပြီး ယခုနှစ်စ ကတည်းက စလင်းမြို့နယ်အတွင်း လစဥ် စစ်ကြောင်းထိုးနေသည်။

ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းကာ စလင်းမြို့ကို စစ်ကောင်စီက ကာကွယ်ရန် ကြိုးပမ်းခြင်းဟု စလင်း ပကဖ မှ ကိုအောင်ဆန်းက သုံးသပ်သည်။

ပြီးခဲ့သည့်လက စစ်ကောင်စီသည် ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)နှင့် မကွေးမြို့အခြေစိုက် တပ်မ(၈၈)လက်အောက်ခံ ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅)တပ်ရင်းများဖြင့် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းသည် ပြည်သူခြောက်ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံနေအိမ် ၄၀၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။